ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း “သင်၏သခင်မထံသို့ပြန်သွား၍ သူ၏လက်အောက်၌နှိမ့်ချရိုကျိုးစွာနေလော့”ဟု သူ့အား မြွက်ဆို၏။
ကမ္ဘာဦး 16:6 - မြန်မာ့စံမီသမ္မာကျမ်း အာဗြံကလည်း “ကြည့်ရှုလော့။ သင်၏ကျွန်မသည် သင့်လက်ထဲ၌ရှိ၏။ သင်အလိုရှိသည့်အတိုင်း သူ့ကိုပြုပါ”ဟု စာရဲအား ဆို၏။ ထိုအခါ စာရဲသည် ဟာဂရကိုနှိပ်စက်သဖြင့် သူသည် စာရဲထံမှထွက်ပြေးလေ၏။ Common Language Bible အာဗြံက``သူသည်သင်၏ကျွန်မဖြစ်၍သင့် လက်ထဲ၌ရှိသည်။ သူ့အားသင်ပြုလိုရာပြု နိုင်သည်'' ဟုပြန်ပြော၏။ ထိုအခါစာရဲသည် ဟာဂရအားမနေနိုင်လောက်အောင်ညှင်းဆဲ သဖြင့် ဟာဂရထွက်ပြေးလေသည်။ Garrad Bible အာ ဗြံ က၊ သင့် ကျွန် မိန်း မ သည် သင့် လက်၀ယ် ရှိ၏။ သင် ထင် မြင် တိုင်း ပြု လေ လော့ ဟု စာ ရဲ အား ပြန် ဆို လျှင်၊ စာ ရဲ ညှဥ်း ပန်း သ ဖြင့် ထို ကျွန် မိန်း မ သည် သ ခင် မ ထံ မှ ထွက် ပြေး လေ ၏။ Judson Bible အာဗြံကလည်း၊ သင်၏ကျွန်မသည် သင်၏လက်၌ရှိ၏။ သူ၌ပြုချင်သမျှပြုပါလော့ဟု စာရဲအားပြန်ပြောလျှင်၊ စာရဲသည် ကျွန်မကိုညှဉ်းဆဲသဖြင့်၊ ကျွန်မသည် သခင်မထံမှထွက်ပြေးလေ၏။ |
ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း “သင်၏သခင်မထံသို့ပြန်သွား၍ သူ၏လက်အောက်၌နှိမ့်ချရိုကျိုးစွာနေလော့”ဟု သူ့အား မြွက်ဆို၏။
ထို့နောက် အစေအပါးသည် မိမိသခင်၏ကုလားအုတ်များထဲမှ ကုလားအုတ်ဆယ်စီးကိုရွေးယူပြီးလျှင် မိမိသခင်ပိုင်ဆိုင်သည့်အဖိုးတန်ပစ္စည်းအမျိုးမျိုးတို့ကိုယူဆောင်လျက် ထ၍ ထွက်ခွာသွားရာ မက်ဆိုပိုတေးမီးယားပြည်ရှိ နာခေါ်နေသောမြို့သို့ရောက်လေ၏။
ထာဝရဘုရားကလည်း စာတန်အား “ကြည့်လော့။ သူသည် သင့်လက်၌ ရှိ၏။ သူ့အသက်ကိုမူ ချမ်းသာပေးရမည်”ဟု မိန့်တော်မူ၏။
ထိုအမှုကို ဖာရောမင်းကြီးကြားသိသောအခါ မောရှေကိုသတ်ရန်ရှာကြံသဖြင့် မောရှေသည် ဖာရောမင်းကြီးထံမှ ထွက်ပြေး၍ မိဒျန်ပြည်၌နေထိုင်လေ၏။ သူသည် ရေတွင်းနားမှာ ထိုင်နေစဉ်
စိတ်ရှည်သောသူ၌ ကြီးမားသောထိုးထွင်းဉာဏ်ရှိ၏။ စိတ်တိုသောသူမူကား မိုက်မဲမှုကိုချီးမြှောက်တတ်၏။
ညင်သာစွာဖြေကြားသောစကားသည် အမျက်ဒေါသကိုပြေစေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကိုလှုံ့ဆော်တတ်၏။
မိမိအိမ်မှထွက်သွား၍ လှည့်လည်သွားလာသောသူသည် မိမိ၏အသိုက်မှထွက်သွား၍ လှည့်လည်သွားလာသောငှက်နှင့်တူ၏။
အစေအပါးကို စကားအားဖြင့်သာ ပဲ့ပြင်၍မရနိုင်။ သူသည် နားလည်သော်လည်း တုံ့ပြန်လိမ့်မည်မဟုတ်။
အုပ်စိုးသူမင်းသည် သင့်ကိုစိတ်ဆိုးလျှင်လည်း သင်၏နေရာကိုမစွန့်ခွာနှင့်။ အကြောင်းမူကား တည်ငြိမ်ခြင်းသည် ကြီးစွာသောအမှားကို ပြေပျောက်စေတတ်၏။
ဇေဒကိမင်းကြီးကလည်း “သူသည် သင်တို့လက်၌ရှိ၏။ ရှင်ဘုရင်သည် သင်တို့ကိုဆန့်ကျင်၍ မည်သည့်အရာမျှမပြုနိုင်”ဟု မိန့်ဆို၏။
ကြည့်ပါလော့။ ယခုမှာ အကျွန်ုပ်တို့သည် သခင့်လက်၌ရှိပါ၏။ ကောင်းမည်၊ သင့်မည်ဟု ထင်သည့်အတိုင်း ပြုပါလော့”ဟု ပြန်ပြောကြ၏။
ထိုနည်းတူ ခင်ပွန်းသည်တို့၊ ဇနီးသည်သည် မိန်းမသားဖြစ်ပြီး သင်တို့ထက် အားနည်းသောသူဖြစ်ကြောင်း သိရှိနားလည်၍ အသက်နှင့်ဆိုင်သောကျေးဇူးတော်ကို အတူတကွအမွေဆက်ခံသူအဖြစ် တန်ဖိုးထားလျက် အတူတကွပေါင်းသင်းနေထိုင်ကြလော့။ ဤသည်ကား သင်တို့၏ဆုတောင်းချက်များ တားဆီးခြင်းမခံရမည့်အကြောင်းတည်း။