အာဗြံနှင့်နာခေါ်တို့သည် မိန်းမယူကြ၏။ အာဗြံ၏မယားအမည်မှာ စာရဲ ဖြစ်၏။ နာခေါ်၏မယားအမည်မှာ မိလခါ ဖြစ်ပြီး သူသည် ဟာရန်၏သမီးဖြစ်၏။ ဟာရန်သည် မိလခါနှင့်ဣသခါတို့၏ဖခင်ဖြစ်၏။
ကမ္ဘာဦး 12:13 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သင်သည် ငါ့နှမဖြစ်သည်ဟု ပြောပါ။ ထိုသို့ပြောလျှင် သင့်အတွက်ကြောင့် ငါသည်ကောင်းစား၍ ငါ့အသက်သည်လည်း သင့်ကြောင့် ချမ်းသာရာရလိမ့်မည်”ဟု ဆို၏။ Common Language Bible ထို့ကြောင့်သူတို့ကမေးလျှင်သင်သည်ငါ၏ နှမဖြစ်သည်ဟုပြောပါ။ ထိုအခါသင့်အတွက် ကြောင့် ငါ့ကိုအသက်ချမ်းသာပေး၍ကောင်းစွာ ပြုစုဆက်ဆံကြလိမ့်မည်'' ဟူ၍မှာကြားထား လေ၏။- Garrad Bible သို့ ဖြစ်၍ ငါ့ နှ မ ဖြစ် ကြောင်း ပြော ပါ လေ။ သို့ မှ သင့် အ တွက် ငါ ချမ်း သာ စွာ နေ ရ လျက် အ သက် ရှင် လိမ့် မည် ဟု ဆို ၏။ Judson Bible သို့ဖြစ်၍ သင်သည် ငါ့နှမဖြစ်ကြောင်းကိုပြောပါလော့။ သို့ပြောလျှင် သင့်အတွက် ငါကောင်းစားလိမ့်မည်။ သင်၏ကျေးဇူးအားဖြင့် ငါအသက်ချမ်းသာရလိမ့်မည်ဟု ဆို၏။ |
အာဗြံနှင့်နာခေါ်တို့သည် မိန်းမယူကြ၏။ အာဗြံ၏မယားအမည်မှာ စာရဲ ဖြစ်၏။ နာခေါ်၏မယားအမည်မှာ မိလခါ ဖြစ်ပြီး သူသည် ဟာရန်၏သမီးဖြစ်၏။ ဟာရန်သည် မိလခါနှင့်ဣသခါတို့၏ဖခင်ဖြစ်၏။
အီဂျစ်ပြည်သို့ အာဗြံရောက်သောအခါ စာရဲသည် အလွန်လှပသောအမျိုးသမီးဖြစ်သည်ကို အီဂျစ်ပြည်သားတို့တွေ့မြင်ကြ၏။
အာဗြဟံက မိမိမယားစာရာနှင့်ပတ်သက်၍ “သူသည် ငါ၏နှမဖြစ်သည်”ဟု ဆိုသဖြင့် ဂေရာဘုရင်အဘိမလက်မင်းကြီးသည် လူလွှတ်၍ စာရာကိုသိမ်းယူလေ၏။
ထိုသူက ‘သူသည် ငါ့နှမဖြစ်သည်’ဟု ဆိုသည်မဟုတ်လော။ ထိုမိန်းမကလည်း ‘သူသည် ငါ့အစ်ကိုဖြစ်သည်’ဟု ဆိုခဲ့ပါ၏။ အကျွန်ုပ်သည် ရိုးဖြောင့်သောစိတ်နှင့် အပြစ်ကင်းသောလက်ဖြင့် ဤအမှုကို ပြုပါ၏”ဟု လျှောက်လေ၏။
ထိုအရပ်၌ရှိသောယောက်ျားတို့သည် သူ့မယားအကြောင်းကိုမေးကြသောအခါ ဣဇက်က “ငါ့မယားဖြစ်သည်”ဟု ပြောရမည်ကို ကြောက်၍ “ငါ့နှမဖြစ်သည်”ဟု ဆို၏။ အကြောင်းမှာ ရေဗက္ကာသည် ရုပ်ဆင်းသွင်ပြင်လှပသဖြင့် ထိုအရပ်၌ရှိသောယောက်ျားတို့သည် ရေဗက္ကာအတွက်ကြောင့် မိမိအားသတ်မည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။
မည်သူ့ကို ထိတ်လန့်ကြောက်ရွံ့၍ သင်လိမ်လည်သနည်း၊ ငါ့ကို သင်မအောက်မေ့၊ ငါ့ကို သင့်စိတ်ထဲ၌ မထား။ ငါ ကြာမြင့်စွာတိတ်ဆိတ်နေသောကြောင့် သင်ငါ့ကိုမကြောက်သည် မဟုတ်လော။
ထိုအခါ ယေရမိက ဇေဒကိမင်းကြီးအား “အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်သည် ဘေဘီလုံဘုရင်၏တပ်မှူးတို့ထံသွား၍ အညံ့ခံလျှင် သင်အသက်ချမ်းသာရာရမည်။ ဤမြို့သည်လည်း မီးရှို့ခံရမည်မဟုတ်။ သင်နှင့် သင်၏အိမ်သူအိမ်သားတို့ အသက်ချမ်းသာရာရကြလိမ့်မည်။
ယေရမိကလည်း “မင်းကြီးကို သူတို့လက်သို့ အပ်နှံကြမည်မဟုတ်။ အကျွန်ုပ်ဆင့်ဆိုသော ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ သို့ပြုလျှင် မင်းကြီးအသက်ချမ်းသာရာရ၍ ကောင်းစားလိမ့်မည်။
‘ကြည့်ရှုလော့။ ဝိညာဉ်မှန်သမျှကို ငါပိုင်၏။ ဖခင်၏ဝိညာဉ်ကိုငါပိုင်သကဲ့သို့ သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ အပြစ်ပြုသောဝိညာဉ်သည် သေရမည်။
သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။
အကြောင်းမှာ အပြစ်၏အခသည် သေခြင်းဖြစ်၏။ ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးမူကား ငါတို့၏သခင်ခရစ်တော်ယေရှုအားဖြင့် ထာဝရအသက်ဖြစ်၏။
ထိုအမှုများကြောင့် ဘုရားသခင်၏အမျက်တော်သည် နာခံမှုမရှိသောသူတို့အပေါ်သို့ သက်ရောက်လာ၏။