ငါဆင်းသွား၍ ငါ့ထံသို့ရောက်လာသည့် အော်ဟစ်ငိုကြွေးသံအတိုင်း သူတို့အမှန်တကယ်ပြုသည်၊ မပြုသည်ကို ငါကြည့်မည်။ ပြုသည်၊ မပြုသည်ကို ငါသိရလိမ့်မည်”ဟု မိန့်တော်မူ၏။
ကမ္ဘာဦး 11:5 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် လူသားတို့တည်ဆောက်သော မြို့နှင့်ရဲတိုက်ကိုကြည့်ရှုရန် ဆင်းသက်တော်မူ၏။ Common Language Bible ထာဝရဘုရားသည် ထိုသူတို့တည်ဆောက် သောမြို့နှင့်ရဲတိုက်ကိုရှုစားတော်မူရန် ကြွဆင်းလာ၍၊- Garrad Bible ထို လူ့ သား တို့ တည် လုပ် သော မြို့ နှင့် ရဲ တိုက် ကို ရှု စား ရန် ထာ ဝ ရ ဘု ရား သ ခင် ဆင်း သက် တော် မူ ရာ၊ Judson Bible ထိုသို့ လူသားတို့တည်လုပ်သောမြို့နှင့် ရဲတိုက်ကိုကြည့်ရှုခြင်းငှာ၊ ထာဝရဘုရားသည် ဆင်းသက်တော်မူ၏။ |
ငါဆင်းသွား၍ ငါ့ထံသို့ရောက်လာသည့် အော်ဟစ်ငိုကြွေးသံအတိုင်း သူတို့အမှန်တကယ်ပြုသည်၊ မပြုသည်ကို ငါကြည့်မည်။ ပြုသည်၊ မပြုသည်ကို ငါသိရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် မိမိ၏သန့်ရှင်းသောဗိမာန်တော်၌ စံနေတော်မူ၏။ ထာဝရဘုရား၏ပလ္လင်တော်သည် ကောင်းကင်ဘုံ၌ရှိ၏။ ကိုယ်တော်သည် မျက်စိတော်ဖြင့်ကြည့်ရှု၍ မျက်ခမ်းတော်ဖြင့် လူသားတို့ကို စစ်ဆေးတော်မူ၏။
သူတို့သည် တတိယနေ့၌ အဆင်သင့်ရှိနေရမည်။ အကြောင်းမူကား တတိယနေ့၌ ထာဝရဘုရားသည် လူအပေါင်းတို့၏မျက်မှောက်၊ သိနာတောင်ပေါ်သို့ ကြွဆင်းတော်မူမည်။
ထာဝရဘုရားသည် သိနာတောင်ပေါ်သို့ မီးဖြင့်ကြွဆင်းတော်မူသောကြောင့် တစ်တောင်လုံးမီးခိုးထွက်လေ၏။ မီးခိုးသည် မီးပြင်းဖို၏မီးခိုးကဲ့သို့တက်၏။ တောင်တစ်တောင်လုံးသည်လည်း ပြင်းထန်စွာတုန်လှုပ်လေ၏။
ထာဝရဘုရားသည် သိနာတောင်ထိပ်သို့ ကြွဆင်းတော်မူပြီး မောရှေအား တောင်ထိပ်သို့တက်ရန် ခေါ်တော်မူသဖြင့် မောရှေသည် တက်သွားလေ၏။
ထို့ကြောင့် အီဂျစ်လူမျိုးတို့လက်မှ သူတို့ကိုကယ်နုတ်၍ သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး ယေဗုသိလူမျိုး တို့နေထိုင်ရာအရပ်ဖြစ်သည့် ကောင်းမွန်ကျယ်ဝန်းသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်ရန် ငါကြွလာပြီ။
ကောင်းကင်မှဆင်းသက်သောလူ့သားမှတစ်ပါး ကောင်းကင်သို့တက်သွားခဲ့သူတစ်စုံတစ်ဦးမျှမရှိ။
ဖန်ဆင်းတော်မူသောအရာတို့တွင် ကိုယ်တော်၏ရှေ့မှောက်၌ မထင်ရှားသောအရာတစ်စုံတစ်ခုမျှမရှိ။ အရာခပ်သိမ်းတို့သည် ကိုယ်တော်၏မျက်မှောက်၌ အကွယ်အကာမဲ့လျက် ဟင်းလင်းပွင့်နေ၏။ ငါတို့သည် ထိုအရှင်ထံ၌ ဖြေရှင်းချက်ပေးကြရမည်။