တေရအသက်ရှင်ခဲ့သောနှစ်ပေါင်းမှာ နှစ်ရာ့ငါးနှစ်ဖြစ်၏။ ထို့နောက် တေရသည် ဟာရန်မြို့၌ သေဆုံးလေ၏။
တေရသည်ထိုမြို့တွင်နေထိုင်စဉ် အသက် နှစ်ရာ့ငါးနှစ်ရှိသော်ကွယ်လွန်လေသည်။
တေရသည် အသက်နှစ်ပေါင်းနှစ်ရာငါးနှစ်ရှိသော်၊ ခါရန်မြို့၌သေလေ၏။
တေရသည် သားအာဗြံ၊ ဟာရန်၏သားဖြစ်သော မိမိ၏မြေးလောတနှင့် သားအာဗြံ၏မယားဖြစ်သော မိမိ၏ချွေးမ စာရဲတို့ကိုခေါ်၍ ခါနာန်ပြည်သို့သွားရန် ခါလဒဲလူမျိုးတို့ပိုင်သောဥရမြို့မှထွက်ခွာလေ၏။ သို့သော် ဟာရန်မြို့သို့ရောက်သောအခါ ထိုမြို့၌အခြေချကြ၏။
ထာဝရဘုရားက အာဗြံအား “သင်သည် သင့်ပြည်မှလည်းကောင်း၊ သင့်ဆွေမျိုးသားချင်းတို့ထဲမှလည်းကောင်း၊ သင့်ဖခင်၏အိမ်မှလည်းကောင်း ထွက်ခွာ၍ သင့်ကိုငါပြမည့်ပြည်သို့သွားလော့။
ထို့နောက် အစေအပါးသည် မိမိသခင်၏ကုလားအုတ်များထဲမှ ကုလားအုတ်ဆယ်စီးကိုရွေးယူပြီးလျှင် မိမိသခင်ပိုင်ဆိုင်သည့်အဖိုးတန်ပစ္စည်းအမျိုးမျိုးတို့ကိုယူဆောင်လျက် ထ၍ ထွက်ခွာသွားရာ မက်ဆိုပိုတေးမီးယားပြည်ရှိ နာခေါ်နေသောမြို့သို့ရောက်လေ၏။
ငါ့ဘိုးဘေးတို့ဖျက်ဆီးခဲ့သောလူမျိုးများဖြစ်သည့် ဂေါဇန်လူမျိုး၊ ဟာရန်လူမျိုး၊ ရေဇပ်လူမျိုးနှင့် တေလသာမြို့ရှိ ဧဒင်လူမျိုးတို့၏ဘုရားများသည် ကယ်ခဲ့ဖူးသလော။
ယောဘသည် နှစ်ပေါင်းတစ်ရာ့လေးဆယ် ဆက်လက်အသက်ရှင်၍ သားမြေးမြစ် မျိုးဆက်လေးဆက်ကိုမြင်ရ၏။
ငါ့ဘိုးဘေးတို့ဖျက်ဆီးခဲ့သောလူမျိုးများဖြစ်သည့် ဂေါဇန်လူမျိုး၊ ဟာရန်လူမျိုး၊ ရေဇပ်လူမျိုး၊ တေလသာမြို့ရှိ ဧဒင်အမျိုးသားတို့၏ဘုရားများသည် သူတို့ကို ကယ်ခဲ့ဖူးသလော။