တေရကိုရပြီးနောက် နာခေါ်သည် တစ်ရာတစ်ဆယ့်ကိုးနှစ်အသက်ရှင်လျက် အခြားသောသားသမီးများကိုရသေး၏။
ကမ္ဘာဦး 11:26 - မြန်မာ့စံမီသမ္မာကျမ်း တေရသည် အသက်ခုနစ်ဆယ်ရှိသောအခါ သားအာဗြံ၊ နာခေါ်နှင့်ဟာရန်တို့ကိုရ၏။ Common Language Bible တေရသည်လည်းအသက်ခုနစ်ဆယ်ရှိသော် အာဗြံ၊ နာခေါ်နှင့်ခါရန်အမည်ရှိသားတို့ကိုရလေ၏။ Garrad Bible တေ ရ သည် အ သက် ခု နစ် ဆယ် ရှိ သော်၊ သား အာ ဗြံ၊ နာ ခေါ်၊ ဟာ ရန် တို့ ကို ရ လေ၏။ Judson Bible တေရသည် အသက်ခုနစ်ဆယ်ရှိသော်၊ သားအာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။ |
တေရကိုရပြီးနောက် နာခေါ်သည် တစ်ရာတစ်ဆယ့်ကိုးနှစ်အသက်ရှင်လျက် အခြားသောသားသမီးများကိုရသေး၏။
ထို့နောက် အစေအပါးသည် မိမိသခင်၏ကုလားအုတ်များထဲမှ ကုလားအုတ်ဆယ်စီးကိုရွေးယူပြီးလျှင် မိမိသခင်ပိုင်ဆိုင်သည့်အဖိုးတန်ပစ္စည်းအမျိုးမျိုးတို့ကိုယူဆောင်လျက် ထ၍ ထွက်ခွာသွားရာ မက်ဆိုပိုတေးမီးယားပြည်ရှိ နာခေါ်နေသောမြို့သို့ရောက်လေ၏။
ယုဒသည် ယာကုပ်၏သား၊ ယာကုပ်သည် ဣဇက်၏သား၊ ဣဇက်သည် အာဗြဟံ၏သား၊ အာဗြဟံသည် တေရ၏သား၊ တေရသည် နာခေါ်၏သား၊
ထိုအခါ ယောရှုက လူအပေါင်းတို့အား “အစ္စရေး၏ဘုရားသခင်ထာဝရဘုရားက ‘အာဗြဟံနှင့် နာခေါ်တို့၏ဖခင် တေရ မှစ၍ သင်တို့၏ဘိုးဘေးတို့သည် ရှေးယခင်က ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌နေထိုင်၍ အခြားဘုရားများကိုဝတ်ပြုခဲ့ကြ၏။