နာခေါ်ကိုရပြီးနောက် စေရောက်သည် အနှစ်နှစ်ရာအသက်ရှင်လျက် အခြားသောသားသမီးများကိုရသေး၏။
ကမ္ဘာဦး 11:24 - မြန်မာ့စံမီသမ္မာကျမ်း နာခေါ်သည် အသက်နှစ်ဆယ့်ကိုးနှစ်ရှိသောအခါ သားတေရကိုရ၏။ Common Language Bible နာခေါ်သည်အသက်နှစ်ဆယ့်ကိုးနှစ်ရှိသော အခါ တေရအမည်ရှိသားကိုရ၏။- Garrad Bible နာ ခေါ် သည် အ သက် နှစ် ဆယ့် ကိုး နှစ် ရှိ သော် သား တေ ရ ကို ရ လေ၏။ Judson Bible နာခေါ်သည် အသက်နှစ်ဆယ်ကိုးနှစ်ရှိသော်၊ သားတေရကိုမြင်လေ၏။ |
နာခေါ်ကိုရပြီးနောက် စေရောက်သည် အနှစ်နှစ်ရာအသက်ရှင်လျက် အခြားသောသားသမီးများကိုရသေး၏။
တေရကိုရပြီးနောက် နာခေါ်သည် တစ်ရာတစ်ဆယ့်ကိုးနှစ်အသက်ရှင်လျက် အခြားသောသားသမီးများကိုရသေး၏။
ထိုအိမ်တော်အသုံးအဆောင်တို့၏အရေအတွက်မှာ ရွှေအင်တုံ အခုသုံးဆယ်၊ ငွေအင်တုံ အခုတစ်ထောင်၊ ဓားနှစ်ဆယ့်ကိုးလက်၊
ယုဒသည် ယာကုပ်၏သား၊ ယာကုပ်သည် ဣဇက်၏သား၊ ဣဇက်သည် အာဗြဟံ၏သား၊ အာဗြဟံသည် တေရ၏သား၊ တေရသည် နာခေါ်၏သား၊
ထိုအခါ ယောရှုက လူအပေါင်းတို့အား “အစ္စရေး၏ဘုရားသခင်ထာဝရဘုရားက ‘အာဗြဟံနှင့် နာခေါ်တို့၏ဖခင် တေရ မှစ၍ သင်တို့၏ဘိုးဘေးတို့သည် ရှေးယခင်က ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌နေထိုင်၍ အခြားဘုရားများကိုဝတ်ပြုခဲ့ကြ၏။