ကုရှ၏သားများမှာ သေဘ၊ ဟဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါ တို့ဖြစ်ကြ၏။ ရာဂမ၏သားများမှာ ရှေဘ၊ ဒေဒန် တို့ဖြစ်ကြ၏။
ကမ္ဘာဦး 10:8 - မြန်မာ့စံမီသမ္မာကျမ်း ကုရှသည် သားနိမ်ရောဒကိုလည်းရ၏။ နိမ်ရောဒသည် ကမ္ဘာမြေကြီးပေါ်မှာ အဦးဆုံးလူစွမ်းကောင်းဖြစ်လာ၏။ Common Language Bible ကုရှတွင်နိမ်ရောဒနာမည်ရှိသားတစ်ယောက် ရှိ၏။ ထိုသားသည်ကမ္ဘာပေါ်တွင် ပထမဦးဆုံး နယ်ပယ်များကိုတိုက်ခိုက်အောင်မြင်သောသူ ဖြစ်၏။- Garrad Bible ကု ရှ သည် သား နိမ် ရော ဒ ကို လည်း ရ သေး ၏။ ထို သား သည် မြေ ကြီး ပေါ် မှာ အ စွမ်း ကောင်း သော လူ ဦး ဖြစ် ၏။ Judson Bible ကုရှသည် သားနိမ်ရောဒကိုလည်းရသေး၏။ ထိုသားသည် မြေကြီးပေါ်မှာ အဦးစွမ်းနိုင်သောသူဖြစ်၏။ |
ကုရှ၏သားများမှာ သေဘ၊ ဟဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါ တို့ဖြစ်ကြ၏။ ရာဂမ၏သားများမှာ ရှေဘ၊ ဒေဒန် တို့ဖြစ်ကြ၏။
သူသည် ထာဝရဘုရားရှေ့တော်၌ အစွမ်းထက်သောမုဆိုးဖြစ်၏။ ထို့ကြောင့် “ထာဝရဘုရား၊ ထံတော်ပါးဝယ်၊ စွမ်းအားပြည့်ဖြိုး၊ မုဆိုးမည်ရ၊ နိမ်ရောဒအလား”ဟု ဆိုလေ့ရှိကြ၏။
ဒုတိယမြစ်၏အမည်ကား ဂိဟုန်ဖြစ်၏။ ထိုမြစ်သည် ကုရှပြည်တစ်လျှောက် ကွေ့ပတ်စီးဆင်းလေ၏။
ကုရှသည် သားနိမ်ရောဒကိုရ၏။ နိမ်ရောဒသည် မြေကြီးပေါ်တွင် အဦးဆုံးပေါ်ထွန်းသော လူစွမ်းကောင်းဖြစ်၏။
ထိုပြည်သည် ပင်လယ်လမ်းဖြင့်လည်းကောင်း၊ ရေပြင်ပေါ်တွင် ကျူရိုးလှေများဖြင့်လည်းကောင်း သံတမန်တို့ကို စေလွှတ်သောပြည်ဖြစ်၏။ အို လျင်မြန်သောစေတမန်တို့၊ အရပ်ရှည်၍အသားအရေချောမွတ်သောလူမျိုး၊ အနီးအဝေးရှိလူတို့ကြောက်ရွံ့ရသောလူမျိုး၊ မြစ်များဖြာထွက်သောပြည်၌နေသည့် ခွန်အားကြီး၍ နိုင်ထက်စီးနင်းပြုတတ်သောလူမျိုးထံသို့ သွားကြလော့။
သူတို့သည် အဆီးရီးယားပြည်ကို ဓားဖြင့်စောင့်ကြပ်လိမ့်မည်။ နိမ်ရောဒပြည်အဝင်ဝတို့၌လည်း စောင့်ကြပ်လိမ့်မည်။ အဆီးရီးယားလူမျိုးတို့သည် ငါတို့ပြည်သို့လာ၍ ငါတို့နယ်နိမိတ်ထဲသို့ ကျူးကျော်ဝင်ရောက်သောအခါ သူတို့သည် ငါတို့ကို အဆီးရီးယားလူမျိုးတို့လက်မှ ကယ်တင်လိမ့်မည်။