ဤသူတို့မှတစ်ဆင့် ကမ်းရိုးတန်းဒေသ၌နေထိုင်သောလူမျိုးများ ပြန့်ပွားလာကြ၏။ သူတို့အသီးသီးသည် အတိုင်းတိုင်းအပြည်ပြည်၌ မိမိတို့ဘာသာစကားအလိုက်၊ မိမိတို့မျိုးနွယ်စုအလိုက်၊ မိမိတို့တိုင်းပြည်၌နေထိုင်ကြ၏။
ကမ္ဘာဦး 10:6 - မြန်မာ့စံမီသမ္မာကျမ်း ဟာမ၏သားများမှာ ကုရှ၊ မိဇရိမ်၊ ဖုတ၊ ခါနာန် တို့ဖြစ်ကြ၏။ Common Language Bible ဟာမ၏သားများဖြစ်ကြသောကုရှ၊ အီဂျစ်၊ လစ်ဗြားနှင့်ခါနာန်တို့သည်ကား သူတို့၏ နာမည်ကိုခံယူကြသူလူမျိုးတို့၏ဖခင် များဖြစ်ကြ၏။- Garrad Bible ဟာ မ၏ သား များ ကား၊ ကု ရှ၊ မိ ဇ ရိမ်၊ ဖု တ၊ ခါ နာန် တို့ တည်း။ Judson Bible ဟာမသားကား၊ ကုရှ၊ မိဇရိမ်၊ ဖုတ၊ ခါနာန်တည်း။ |
ဤသူတို့မှတစ်ဆင့် ကမ်းရိုးတန်းဒေသ၌နေထိုင်သောလူမျိုးများ ပြန့်ပွားလာကြ၏။ သူတို့အသီးသီးသည် အတိုင်းတိုင်းအပြည်ပြည်၌ မိမိတို့ဘာသာစကားအလိုက်၊ မိမိတို့မျိုးနွယ်စုအလိုက်၊ မိမိတို့တိုင်းပြည်၌နေထိုင်ကြ၏။
ဒုတိယမြစ်၏အမည်ကား ဂိဟုန်ဖြစ်၏။ ထိုမြစ်သည် ကုရှပြည်တစ်လျှောက် ကွေ့ပတ်စီးဆင်းလေ၏။
သင်္ဘောထဲမှထွက်လာသော နောဧ၏သားများမှာ ရှေမ၊ ဟာမ၊ ယာဖက် တို့ဖြစ်ကြ၏။ ဟာမသည် ခါနာန်၏ဖခင်ဖြစ်၏။
ခါနာန်၏ဖခင် ဟာမသည် မိမိဖခင်အဝတ်မပါအချည်းစည်းဖြစ်နေသည်ကိုမြင်၍ အပြင်မှာရှိသောအစ်ကိုနှစ်ယောက်တို့အား ပြောပြလေ၏။
စားကျက်မြေပေါများ၍ စားကျက်မြေကောင်းသောနေရာ၊ မြေနေရာကျယ်ဝန်းပြီး အေးချမ်းသာယာသောနေရာကို ရှာတွေ့သွားကြ၏။ ထိုနေရာတို့သည် ယခင်က ဟာမအမျိုးသားများ နေထိုင်ခဲ့သောနေရာ ဖြစ်၏။
ထို့နောက် အစ္စရေးလူမျိုးတို့သည် အီဂျစ်ပြည်သို့ရောက်လာပြီး ယာကုပ်သည် ဟာမပြည်တွင် ဧည့်သည်အဖြစ် တည်းခိုနေထိုင်လေ၏။
သူတို့သည် ကိုယ်တော်၏နိမိတ်လက္ခဏာနှင့် ဆိုင်သောအမှုများကို ထိုသူတို့အလယ်၌လည်းကောင်း၊ တန်ခိုးလက္ခဏာများကို ဟာမ၏ပြည်၌လည်းကောင်း ပြုကြ၏။
ဟာမ၏တဲများမှ ယောက်ျားအားမာန်၏အသီးဦးတည်းဟူသော အီဂျစ်ပြည်မှ သားဦးရှိသမျှတို့ကို ဒဏ်ခတ်တော်မူ၏။
ထိုနေ့ရက်၌ ဘုရားရှင်သည် အဆီးရီးယားပြည်၊ အီဂျစ်ပြည်၊ ပါသရုပြည်၊ အီသီယိုးပီးယားပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသတို့မှ ကြွင်းကျန်နေသော မိမိ၏လူမျိုးတော်တို့ကို ပြန်သိမ်းယူရန် ဒုတိယအကြိမ် လက်ကိုဆန့်တော်မူမည်။
အို စစ်မြင်းတို့၊ စစ်ချီကြ။ အို စစ်ရထားတို့၊ ဒုန်းစိုင်းနှင်ကြ။ ဒိုင်းလွှားကိုစွဲကိုင်သော အီသီယိုးပီးယားလူမျိုးနှင့် ဖုတလူမျိုး စစ်သူရဲတို့၊ လေးသည်တော် လုဒိမ်လူမျိုးစစ်သူရဲတို့၊ ချီတက်ကြ။
ပါးရှားလူမျိုး၊ လုဒလူမျိုး၊ ဖုတလူမျိုးတို့သည် သင်၏စစ်တပ်တွင် အမှုထမ်းသောစစ်သူရဲများဖြစ်ကြ၏။ ဒိုင်းလွှားများ၊ သံခမောက်လုံးများလည်း သင်၌ ချိတ်ဆွဲထားလျက် သင့်ကို ခန့်ညားထည်ဝါစေကြ၏။
သူတို့နှင့်အတူ ဒိုင်းလွှားကိုင်ဆောင်သူ၊ သံခမောက်ဆောင်းသူ ပါးရှားပြည်သား၊ အီသီယိုးပီးယားပြည်သား၊ ဖုတပြည်သားတို့လည်းပါမည်။