ကမ္ဘာဦး 10:3 - မြန်မာ့စံမီသမ္မာကျမ်း ဂေါမာ၏သားများမှာ အာရှကေနတ်၊ ရိဖတ်၊ တောဂါမ တို့ဖြစ်ကြ၏။ Common Language Bible ဂေါမာမှဆင်းသက်သောသားစဉ်မြေးဆက် တို့သည်ကား အာရှကေနတ်၊ ရိဖတ်၊ တော်ဂမ လူမျိုးများဖြစ်ကြ၏။- Garrad Bible ဂေါ မာ့ သား များ ကား၊ အာ ရှ ကေ နတ်၊ ရိ ဖတ်၊ တော် ဂ မ တို့ တည်း။ Judson Bible ဂေါမာသားကား၊ အာရှကေနတ်၊ ရိဖတ်၊ တော်ဂမတည်း။ |
ထိုပြည်၌ အချက်ပြအလံကိုလွှင့်ထူကြ။ လူမျိုးတကာတို့ကို တံပိုးမှုတ်သံပေးကြ။ ထိုပြည်ကိုတိုက်ခိုက်ရန် လူမျိုးတကာတို့ကို အသင့်ပြင်ဆင်စေကြ။ အာရရတ်၊ မိန္နိနှင့် အာရှကေနတ် စသော တိုင်းနိုင်ငံတို့ကို ဆင့်ခေါ်ကြ။ စစ်ဦးစီးကိုခန့်ထားကြ။ မြင်းတို့ကို ကျိုင်းကောင်အုပ်ကဲ့သို့ ချီတက်စေကြ။
သင်၏ကုန်စည်များကို တောဂါမမြို့မှ မြင်းများ၊ စစ်မြင်းများ၊ လားများနှင့် လဲလှယ်ကြ၏။
ဂေါမာအမျိုးနှင့်သူ၏စစ်သည်များ၊ မြောက်ပြည်စွန်းမှ တောဂါမအမျိုးအနွယ်နှင့် သူ၏စစ်သည်များ စသော လူအမြောက်အမြားတို့လည်း သင်နှင့်အတူပါလာမည်။