ယာဖက်၏သားများမှာ ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ တိရတ် တို့ဖြစ်ကြ၏။
ကမ္ဘာဦး 10:1 - မြန်မာ့စံမီသမ္မာကျမ်း နောဧ၏သား ရှေမ၊ ဟာမ၊ ယာဖက်တို့၏ဆွေစဉ်မျိုးဆက်မှာ ဤသို့ဖြစ်၏။ ရေလွှမ်းမိုးပြီးသည့်နောက် သူတို့တွင် သားသမီးများမွေးဖွားလာကြ၏။ Common Language Bible ရေလွှမ်းမိုးပြီးသည့်နောက်နောဧ၏သားများ ဖြစ်ကြသောရှေမ၊ ဟာမနှင့်ယာဖက်တို့မှ ဆင်းသက်သောသားစဉ်မြေးဆက်ကိုဖော်ပြ ပေအံ့။- Garrad Bible ရေ လွှမ်း မိုး ပြီး နောက်၊ နော ဧ သား ရှေ မ၊ ဟာ မ၊ ယာ ဖက် တို့ မှ ဆင်း သက် သော သား စဉ် မြေး ဆက် ကို ဆို ပေ အံ့။ Judson Bible ရေလွှမ်းမိုးသောနောက်၊ နောဧသား ရှေမ၊ ဟာမ၊ ယာဖက်တို့မှဆင်းသက်သော သားစဉ်မြေးဆက်တို့ကို ဆိုပေအံ့။ |
ယာဖက်၏သားများမှာ ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ တိရတ် တို့ဖြစ်ကြ၏။
ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူစဉ်အခါက ၎င်းတို့၏အတ္ထုပ္ပတ္တိကား ဤသို့ဖြစ်၏။ ထာဝရအရှင်ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူရာကာလတွင်
အာဒံ၏သားစဉ်မြေးဆက်စာရင်းမှာ ဤသို့ဖြစ်၏။ ဘုရားသခင်သည် လူကိုဖန်ဆင်းတော်မူသောနေ့၌ သူ့ကို ဘုရားသခင်နှင့်တစ်ပုံစံတည်းပြုလုပ်၍
နောဧ၏အတ္ထုပ္ပတ္တိကား ဤသို့ဖြစ်၏။ နောဧသည် ဖြောင့်မတ်သောသူ၊ သူ၏မျိုးဆက်ထဲ၌ အပြစ်တင်စရာမရှိသောသူဖြစ်၏။ နောဧသည် ဘုရားသခင်နှင့်အတူသွားလာ၏။
ဘုရားသခင်သည် နောဧနှင့် သူ၏သားတို့ကိုကောင်းချီးပေးလျက် “များစွာမွေးဖွား၍ တိုးပွားကြလော့။ မြေကြီးကိုပြည့်စေကြလော့။
ဤသူသုံးယောက်တို့သည် နောဧ၏သားများဖြစ်ကြပြီး သူတို့မှတစ်ဆင့် ကမ္ဘာမြေတစ်ခွင်လုံးသို့ လူတို့ ပြန့်ပွားသွားကြ၏။
သင်တို့သည် များစွာမွေးဖွား၍ တိုးပွားကြလော့။ မြေကြီးပေါ်မှာ ပြည့်နှက်ကြလော့။ မြေကြီးပေါ်မှာ တိုးပွားကြလော့”ဟု မိန့်တော်မူ၏။
အာဗြဟံ၏သား၊ ဒါဝိဒ်၏သားဖြစ်တော်မူသော ယေရှုခရစ်တော်၏ဆွေတော်စဉ်မျိုးတော်ဆက်စာရင်းဟူမူကား