မြေကြီးပေါ်မှာ လှုပ်ရှားသွားလာတတ်သောသတ္တဝါအပေါင်းတို့တည်းဟူသော ငှက်၊ ယဉ်ပါးသောတိရစ္ဆာန်၊ တောရိုင်းတိရစ္ဆာန်၊ မြေကြီးပေါ်မှာ အုပ်စုလိုက်နေထိုင်သွားလာသောသတ္တဝါရှိသမျှတို့နှင့် လူအပေါင်းတို့သည် သေကြကုန်၏။
ကမ္ဘာဦး 1:25 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် တောရိုင်းတိရစ္ဆာန်ကို အမျိုးအလိုက်၊ ယဉ်ပါးသောတိရစ္ဆာန်ကို အမျိုးအလိုက်၊ မြေပေါ်ရှိတွားသွားသောတိရစ္ဆာန်အပေါင်းတို့ကို အမျိုးအလိုက် ဖန်ဆင်းတော်မူ၏။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။ Common Language Bible ဘုရားသခင်သည်တိရစ္ဆာန်အမျိုးမျိုးတို့ကို ထိုကဲ့သို့ဖန်ဆင်းတော်မူ၏။ ဘုရားသခင် သည် ထိုအမှုအရာကိုရှုမြင်၍နှစ်သက် တော်မူ၏။ Garrad Bible ထို သို့ ဘု ရား သ ခင် သည် သား ရဲ သား ယဉ် မျိုး၊ မြေ ပေါ် မှာ တွား တတ် သော တိ ရ စ္ဆာန် အ ပေါင်း တို့ ကို အ မျိုး အ လိုက် ဖန် ဆင်း ၍ ထို အ မှု အ ရာ ကောင်း သည် ကို ရှု မြင် တော် မူ ၏။ Judson Bible ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုးအပေါင်းတို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။ |
မြေကြီးပေါ်မှာ လှုပ်ရှားသွားလာတတ်သောသတ္တဝါအပေါင်းတို့တည်းဟူသော ငှက်၊ ယဉ်ပါးသောတိရစ္ဆာန်၊ တောရိုင်းတိရစ္ဆာန်၊ မြေကြီးပေါ်မှာ အုပ်စုလိုက်နေထိုင်သွားလာသောသတ္တဝါရှိသမျှတို့နှင့် လူအပေါင်းတို့သည် သေကြကုန်၏။
နှာခေါင်းဖြင့်အသက်ရှူတတ်သည့်သက်ရှိသတ္တဝါတည်းဟူသော ကုန်းပေါ်မှာရှိလေသမျှသတ္တဝါတို့သည် သေကြကုန်၏။
တိရစ္ဆာန်တို့ကို မေးကြည့်လော့။ သင့်ကိုသွန်သင်လိမ့်မည်။ မိုးကောင်းကင်ငှက်တို့ကို မေးကြည့်လော့။ သင့်ကိုပြောပြလိမ့်မည်။
ထွက်သက်လေတစ်ချက်ကြောင့် ကောင်းကင်သည် ကြည်လင်သွား၏။ ပြေးနေသောမြွေကို လက်တော်ဖြင့် ထိုးဖောက်တော်မူ၏။
လဝိသန်၏ခြေလက်အင်္ဂါအကြောင်း၊ ခွန်အားကြီးကြောင်း၊ ကိုယ်လုံးကိုယ်ထည်တောင့်တင်းကြောင်းကို ငါ မပြောပြဘဲ နေမည်မဟုတ်။
‘ကြီးမားသောတန်ခိုးနှင့် လက်ရုံးတော်ကိုဆန့်လျက် ကမ္ဘာမြေကြီးနှင့် မြေမျက်နှာပြင်ပေါ်ရှိ လူနှင့်တိရစ္ဆာန်တို့ကို ဖန်ဆင်းခဲ့သူမှာ ငါပင်ဖြစ်၍ ငါပေးလိုသောသူအား ငါပေးပြီ။
အကြောင်းမူကား ထိုအရာတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့်လည်းကောင်း၊ ဆုတောင်းခြင်းအားဖြင့်လည်းကောင်း သန့်ရှင်းစေခြင်းကိုခံရကြ၏။