ကမ္ဘာဦး 1:24 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ဘုရားသခင်က “မြေကြီးသည် သက်ရှိသတ္တဝါကို အမျိုးအလိုက် ပေါက်ဖွားစေ။ ယဉ်ပါးသောတိရစ္ဆာန်၊ တွားသွားသောတိရစ္ဆာန်နှင့် တောရိုင်းတိရစ္ဆာန်တို့ကို အမျိုးအလိုက် ပေါက်ဖွားစေ”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။ Common Language Bible တစ်ဖန်ဘုရားသခင်က``ကမ္ဘာမြေကြီးပေါ် တွင် တိရစ္ဆာန်အယဉ်နှင့်တိရစ္ဆာန်အရိုင်းအကြီး အငယ်အမျိုးမျိုးဖြစ်ပွားကြစေ'' ဟုအမိန့် ပေးသည့်အတိုင်းဖြစ်ပွားလာကြ၏။- Garrad Bible ဘု ရား သ ခင် က လည်း မြေ သည် သက် ရှိ သ တ္တ ဝါ မျိုး တည်း ဟူ သော သား ယဉ် သား ရဲ မျိုး၊ တွား တတ် သော တိ ရ စ္ဆာန် တို့ ကို အ မျိုး အ လိုက် ပေါက် ပွား စေ ဟု အ မိန့် တော် ရှိ သည် အ တိုင်း ဖြစ် လေ ၏။ Judson Bible တစ်ဖန်ဘုရားသခင်က၊ မြေသည် အသက်ရှင်သောသတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကိုလည်းကောင်း၊ တွားတတ်သောတိရစ္ဆာန်တို့ကိုလည်းကောင်း၊ သားရဲမျိုးတို့ကိုလည်းကောင်း၊ မွေးဖွားစေဟုအမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ |
ထာဝရအရှင်ဘုရားသခင်သည် တောရိုင်းတိရစ္ဆာန်အမျိုးမျိုးနှင့် မိုးကောင်းကင်ငှက်အမျိုးမျိုးတို့ကို မြေကြီးဖြင့်ပုံဖော်ဖန်ဆင်းပြီးလျှင် ၎င်းတို့ကို လူကမည်သို့မှည့်ခေါ်မည်ကို သိရှိရန် လူထံသို့ ခေါ်ဆောင်လာခဲ့၏။ သက်ရှိသတ္တဝါတို့သည် လူမှည့်ခေါ်သည့်အတိုင်း နာမည်အသီးသီးရကြ၏။
ငှက်များထဲမှ အမျိုးအလိုက်၊ တိရစ္ဆာန်များထဲမှ အမျိုးအလိုက်၊ မြေပေါ်ရှိ တွားသွားသောတိရစ္ဆာန်အပေါင်းတို့ထဲမှ အမျိုးအလိုက် အထီးအမတစ်စုံစီတို့သည် အသက်ချမ်းသာရရန် သင့်ထံသို့လာကြလိမ့်မည်။
တောရိုင်းတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ ယဉ်ပါးသောတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ မြေပေါ်မှာတွားသွားသော တွားသွားတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ ကြက်ငှက်အမျိုးမျိုး၊ တောင်ပံရှိသောသတ္တဝါအမျိုးမျိုးနှင့် ငှက်အပေါင်းတို့သည်လည်း အမျိုးအလိုက် သူတို့နှင့်အတူဝင်ကြ၏။
တောရိုင်းတိရစ္ဆာန်ရှိသမျှ၊ တွားသွားသောတိရစ္ဆာန်ရှိသမျှ၊ ငှက်ရှိသမျှနှင့် မြေကြီးပေါ်မှာ လှုပ်ရှားသွားလာတတ်သော သတ္တဝါရှိသမျှတို့သည်လည်း အမျိုးအလိုက် သင်္ဘောထဲမှထွက်လာကြ၏။
တောင်ဆိတ်တို့ မွေးဖွားချိန်ကို သင်သိသလော။ သမင်မသားဖွားသည်ကို သင်စောင့်ကြည့်ပေးဖူးသလော။
မြည်းရိုင်းကို မည်သူ လွတ်လပ်ခွင့်ပေးထားသနည်း။ ချည်နှောင်ထားသောမြင်းရိုင်းကြိုးကို မည်သူဖြေပေးသနည်း။
နွားရိုင်းသည် သင်စေခိုင်းသောအရာကို လုပ်ပေးမည်လော။ သင်ထားသောတင်းကုပ်တွင် နေမည်လော။
ဗေဟမုတ်ကို ကြည့်လော့။ သင့်ကိုငါဖန်ဆင်းသကဲ့သို့ သူ့ကိုလည်း ငါဖန်ဆင်းခဲ့၏။ သူသည် နွားကဲ့သို့ မြက်ကိုစား၏။
မြင့်သောတောင်များသည် တောင်ဆိတ်တို့အတွက်ဖြစ်ပြီး ကျောက်တို့သည် ရှာဖန်ယုန်များအတွက် ခိုလှုံရာဖြစ်ကြ၏။
လူသည် မိမိ၏လုပ်ငန်းခွင်သို့သွား၍ နေဝင်ချိန်တိုင်အောင် မိမိအလုပ်ကိုလုပ်ဆောင်ပါ၏။
တောရိုင်းတိရစ္ဆာန်နှင့် ယဉ်ပါးသောတိရစ္ဆာန်ရှိသမျှ၊ တွားသွားသောတိရစ္ဆာန်များနှင့် ပျံသန်းတတ်သောငှက်၊