တစ်ဖန် ဘုရားသခင်က “မြေကြီးသည် မြက်ပင်ကိုလည်းကောင်း၊ အစေ့အနှံထွက်သောအပင်ကိုလည်းကောင်း၊ အမျိုးအလိုက် အတွင်း၌အစေ့ပါသည့်အသီးကိုသီးသော သီးစားပင်ကိုလည်းကောင်း မြေပေါ်၌ ပေါက်စေလော့”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။
ကမ္ဘာဦး 1:12 - မြန်မာ့စံမီသမ္မာကျမ်း မြေကြီးသည် မြက်ပင်ကိုလည်းကောင်း၊ အမျိုးအလိုက် အစေ့အနှံထွက်သောအပင်ကိုလည်းကောင်း၊ အမျိုးအလိုက် အတွင်း၌အစေ့ပါသည့်အသီးကိုသီးသော အပင်ကိုလည်းကောင်း ပေါက်စေ၏။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။ Common Language Bible သို့ဖြစ်၍မြေကြီးမှ အပင်အမျိုးမျိုးပေါက် လာကြ၏။ ဘုရားသခင်သည် ထိုအမှုအရာ ကိုရှုမြင်၍နှစ်သက်တော်မူ၏။- Garrad Bible မြေ သည် အ ပင် အ မျိုး မျိုး တည်း ဟူ သော၊ အ သီး အ နှံ ဖြစ် စေ သည့် ကောက် ပဲ ကို လည်း ကောင်း၊ မျိုး စေ့ ပါ လျက် အ မျိုး အ လိုက် အ သီး သီး သည့် သစ် ပင် ကို လည်း ကောင်း ပေါက် စေ၍ ထို အ မှု အ ရာ ကောင်း သည် ကို ဘု ရား သ ခင် ရှု မြင် တော် မူ ၏။ Judson Bible မြေသည်မြက်ပင်ကိုလည်းကောင်း၊ စပါးသီးမျိုးကို ဖြစ်စေသော စပါးပင်ကိုလည်းကောင်း၊ မိမိ၌ မျိုးစေ့ပါလျက် သစ်သီးမျိုးကိုဖြစ်စေသော သစ်ပင်ကိုလည်းကောင်း ပေါက်စေ၏။ |
တစ်ဖန် ဘုရားသခင်က “မြေကြီးသည် မြက်ပင်ကိုလည်းကောင်း၊ အစေ့အနှံထွက်သောအပင်ကိုလည်းကောင်း၊ အမျိုးအလိုက် အတွင်း၌အစေ့ပါသည့်အသီးကိုသီးသော သီးစားပင်ကိုလည်းကောင်း မြေပေါ်၌ ပေါက်စေလော့”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။
ကိုယ်တော်သည် တိရစ္ဆာန်အတွက် မြက်ပင်ကိုလည်းကောင်း၊ လူတို့စိုက်ပျိုးရန်အတွက် အပင်ကိုလည်းကောင်း ပေါက်စေတော်မူ၍ မြေကြီးထဲမှ အစားအစာကိုလည်းကောင်း၊
မြေကြီးသည် အစို့အညှောက်ကိုထွက်စေသကဲ့သို့၊ ဥယျာဉ်သည် ကြဲထားသောမျိုးစေ့ကိုပေါက်စေသကဲ့သို့ ဘုရားရှင်ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ရှေ့၌ ဖြောင့်မတ်ခြင်း၊ ချီးမွမ်းခြင်းကို ပေါက်စေတော်မူမည်။
မြေကြီးသည် အလိုအလျောက်အသီးသီးစေလျက် ဦးစွာ အပင်၊ ထို့နောက် အနှံ၊ ထိုမှတစ်ဆင့် အနှံထဲတွင် အောင်သောအဆန်ကိုဖြစ်စေ၏။
အပင်တိုင်းကို ၎င်း၏အသီးအားဖြင့် သိရ၏။ အကြောင်းမူကား ဆူးပင်မှ သဖန်းသီးကိုဆွတ်ခူး၍မရနိုင်။ ချုံပုတ်မှလည်း စပျစ်သီးကိုမစုသိမ်းနိုင်။
မျိုးကြဲသောသူအား မျိုးစေ့ကိုပေး၍ အစာအတွက် မုန့်ကိုပေးတော်မူသောအရှင်သည် သင်တို့၏မျိုးစေ့ကိုလည်း ပြင်ဆင်ပေး၍ ပွားများစေကာ သင်တို့၏ဖြောင့်မတ်ခြင်းဆိုင်ရာ အသီးအပွင့်တို့ကို တိုးပွားစေတော်မူလိမ့်မည်။
အယူမလွဲကြနှင့်။ ဘုရားသခင်သည် မထီလေးစားပြုခြင်းကိုခံတော်မမူ။ အကြောင်းမူကား လူသည် တစ်စုံတစ်ခုကိုစိုက်ပျိုးလျှင် ၎င်းကို ပြန်လည်ရိတ်သိမ်းရလိမ့်မည်။
အကြောင်းမူကား မြေကြီးသည် မိမိအပေါ်အကြိမ်ကြိမ်ကျသောမိုးရေကိုသောက်လျက် ထွန်ယက်စိုက်ပျိုးသောသူတို့အတွက် အသုံးဝင်သည့်အသီးအနှံများကိုဖြစ်ထွန်းစေပါက ဘုရားသခင်ထံမှကောင်းချီးမင်္ဂလာကိုခံစားရ၏။