ဥပမာကား၊ လူတစ်ဦးသည် အခြားသောပြည်သို့သွားမည်ဟု အကြံရှိလျက်၊ မိမိငယ်သားတို့ကိုခေါ်၍ မိမိဥစ္စာများကို အပ်ပေး၏။ သူတို့သည် အသီးအသီး အစွမ်းသတ္တိရှိသည်အတိုင်း၊ တစ်ဦး၌ ငွေအခွက်ငါးဆယ်၊-
လုကာ 20:9 - မြန်မာ ထိုအခါ ပရိသတ်တို့အား မိန့်တော်မူသော ဥပမာကား၊ လူတစ်ဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုးပြီးမှ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှား၍ အခြားသောပြည်သို့ ကြာမြင့်စွာ သွားနေ၏။- Common Language Bible ထို့နောက်ကိုယ်တော်သည်လူတို့အားဤပုံ ဥပမာကိုမိန့်ကြားတော်မူ၏။ ကိုယ်တော် က ``လူတစ်ယောက်သည်စပျစ်ဥယျာဉ်တစ် ခုကိုစိုက်ပျိုး၍သီးစားချ၏။ ထိုနောက် နိုင်ငံရပ်ခြားသို့ကာလအတော်ကြာ သွား၍နေ၏။- Garrad Bible ထို နောက် လူ ပ ရိ သတ် အား ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ လူ တစ် ဦး သည် စ ပျစ် ဥ ယျာဉ် စိုက် ပျိုး လျက် ဥ ယျာဉ် သ မား တို့ အား အ ငှား ချ ထား ပြီး နောက် အ ခြား ပြည် သို့ ကာ လ ရှည် စွာ သွား နေ ၏။ Judson Bible ထိုအခါ ပရိသတ်တို့အား မိန့်တော်မူသော ဥပမာကား၊ လူတစ်ဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုးပြီးမှ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှား၍ အခြားသောပြည်သို့ ကြာမြင့်စွာ သွားနေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် လူတို့အား ဤပုံဥပမာကိုပေး၍မြွက်ဆိုတော်မူသည်မှာ“လူတစ်ဦးသည် စပျစ်ခြံကိုစိုက်ပျိုး၍ ခြံသမားတို့အားငှားရမ်းပြီးလျှင် ကာလအတန်ကြာခရီးထွက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုက လူတို့အား ပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ “လူတစ်ဦးသည် စပျစ်ခြံကို စိုက်ပျိုးကာ စပျစ်ခြံလုပ်သားတို့အား ငှားရမ်းပြီးမှ အခြားတိုင်းပြည်သို့ အချိန်ကြာမြင့်စွာ သွားရောက်နေထိုင်လေ၏။ |
ဥပမာကား၊ လူတစ်ဦးသည် အခြားသောပြည်သို့သွားမည်ဟု အကြံရှိလျက်၊ မိမိငယ်သားတို့ကိုခေါ်၍ မိမိဥစ္စာများကို အပ်ပေး၏။ သူတို့သည် အသီးအသီး အစွမ်းသတ္တိရှိသည်အတိုင်း၊ တစ်ဦး၌ ငွေအခွက်ငါးဆယ်၊-
အမတ်တစ်ယောက်သည် မင်းကြီးအရာကို ခံလို၍ မိမိပြည်သို့ ပြန်လာမည်ဟု အကြံရှိလျက် ဝေးသောပြည်သို့ သွား၏။-
ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့သည် စပျစ်သီးအချို့ကို ပေးစေခြင်းငှာ ဥယျာဉ်ရှင်သည် ငယ်သားကို စေလွှတ်လေ၏။ ဥယျာဉ်စောင့်တို့သည် ငယ်သားကိုရိုက်၍ လက်ချည်းလွှတ်လိုက်ကြ၏။-
ယေရှုကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကိုငါမပြောဟု မိန့်တော်မူ၏။