ငါဆိုသည်ကား၊ လူတို့သည် အကျိုးမဲ့သောစကားကို ပြောသမျှအတွက်၊ တရားဆုံးဖြတ်သောနေ့၌ စစ်ကြောခြင်းကို ခံရကြလတ္တံ့။ သင့်စကားများအားဖြင့် သင်သည် အပြစ်လွတ်လိမ့်မည်။-
လုကာ 16:2 - မြန်မာ သခင်သည် ဘဏ္ဍာစိုးကို ခေါ်၍၊ သင်၏အမူအရာ၌ ငါကြားရသောစကားကား အဘယ်သို့နည်း။ ဘဏ္ဍာစိုးအရာ၌ မှတ်သားသော စာရင်းကို ပေးလော့။ ယခုမှစ၍ ဘဏ္ဍာစိုးမလုပ်ရဟု ဆို၏။- Common Language Bible သူဌေးသည်သူ့ကိုခေါ်၍ `သင့်အကြောင်းငါကြား ရသည်မှာအသို့နည်း။ သင်၏လုပ်ငန်းနှင့်ဆိုင်သော ငွေစာရင်းများကိုတင်ပြလော့။ သင်သည်ဆက်၍ ငါ၏မန်နေဂျာလုပ်ရတော့မည်မဟုတ်' ဟုဆို၏။- Garrad Bible သူ ဌေး ခေါ်၍ သင့် အ ကြောင်း ငါ ကြား ရ သည် ကား အ သို့ နည်း။ ဘ ဏ္ဍာ စိုး ရာ ထူး နှင့် ဆိုင် သော ငွေ စာ ရင်း ကို ရှင်း ပြ လော့။ ဆက် လက်၍ ဘ ဏ္ဍာ စိုး မ လုပ် ရ ဟု ဆို၏။ Judson Bible သခင်သည် ဘဏ္ဍာစိုးကို ခေါ်၍၊ သင်၏အမူအရာ၌ ငါကြားရသောစကားကား အဘယ်သို့နည်း။ ဘဏ္ဍာစိုးအရာ၌ မှတ်သားသော စာရင်းကို ပေးလော့။ ယခုမှစ၍ ဘဏ္ဍာစိုးမလုပ်ရဟု ဆို၏။- မြန်မာ့စံမီသမ္မာကျမ်း သူဌေးသည် ဘဏ္ဍာစိုးကိုခေါ်၍ ‘သင့်အကြောင်း ငါကြားရသည့်အရာမှာ မည်သို့နည်း။ သင့်ကို ဘဏ္ဍာစိုးအရာ၌ ဆက်၍မထားနိုင်သောကြောင့် သင်၏စီမံခန့်ခွဲမှုစာရင်းကို တင်ပြလော့’ဟု ဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ သူဌေးသည် သူ့ကိုခေါ်၍ ‘သင့်အကြောင်း ငါကြားရသည်မှာ မည်သို့နည်း။ သင်မှတ်ထားသော ငွေစာရင်းများကို ငါ့အားပေးလော့။ သင့်ကို စီမံခန့်ခွဲသူနေရာတွင် ဆက်၍ ခန့်ထားနိုင်တော့မည်မဟုတ်’ ဟု ပြောလေ၏။ |
ငါဆိုသည်ကား၊ လူတို့သည် အကျိုးမဲ့သောစကားကို ပြောသမျှအတွက်၊ တရားဆုံးဖြတ်သောနေ့၌ စစ်ကြောခြင်းကို ခံရကြလတ္တံ့။ သင့်စကားများအားဖြင့် သင်သည် အပြစ်လွတ်လိမ့်မည်။-
ညအချိန် ရောက်သောအခါ စပျစ်ဥယျာဉ်ရှင်က လုပ်ဆောင်သော သူတို့ကို ခေါ်ခဲ့လော့။ နောက်ဝင်သော သူမှစ၍ အရင်အဦးဝင်သော သူတိုင်အောင် အခကိုပေးလော့ဟု မိမိစာရေးကို မှာလိုက်လေ၏။-
ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ညပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာအချိန် ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသော ဥစ္စာကို အဘယ်သူပိုင်မည်နည်းဟု သူဌေးအား မိန့်တော်မူ၏။-
သခင်ဘုရားက၊ အိမ်ရှင်သည် မိမိအိမ်သားတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေခြင်းငှာ အအုပ်အချုပ်ခန့်ထား၍ သစ္စာနှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။-
တပည့်တော်တို့အား တစ်ဖန် မိန့်တော်မူသည်ကား၊ ငွေရတတ်သောသူတစ်ယောက်၌ ဘဏ္ဍာစိုးရှိ၏။ ထိုဘဏ္ဍာစိုးသည် သခင်၏ဥစ္စာများကို ဖျက်ဆီးသည်အကြောင်းကို သူတစ်ပါးတို့သည် သခင်ရှေ့၌ အပြစ်တင်ကြသော်၊-
ထိုအခါ ဘဏ္ဍာစိုးက၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ ငါ၏သခင်သည် ဘဏ္ဍာစိုးအရာကို နုတ်လေပြီ။ လယ်လုပ်ခြင်းငှာ မစွမ်းနိုင်။ သူတောင်းစား လုပ်ခြင်းငှာ ရှက်ကြောက်၏။-