လူအချို့တို့က၊ ဥပုသ်နေ့၌ ရောဂါကို ငြိမ်းစေအပ်သလောဟု ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ မေးလျှောက်ကြ၏။-
လုကာ 14:3 - မြန်မာ ဥပုသ်နေ့၌ အနာရောဂါကို ငြိမ်းစေအပ်သလောဟု ဖာရိရှဲနှင့် ကျမ်းတတ်တို့ကို မေးတော်မူစေပြီးမှ၊- Common Language Bible ကိုယ်တော်က ``ဥပုသ်နေ့၌အနာရောဂါကို ပျောက်ကင်းစေအပ်သလော'' ဟုကျမ်းတတ် ဆရာများနှင့်ဖာရိရှဲများအားမေးတော် မူ၏။ Garrad Bible ကျမ်း တတ် နှင့် ဖာ ရိ ရှဲ တို့ အား ကိုယ် တော် က ဥ ပုသ် နေ့ တွင် လူ နာ ကို ကျန်း မာ စေ အပ် သ လော၊ မ အပ် သ လော ဟု မေး တော် မူ သော် ဆိတ် ဆိတ် နေ ကြ၏။ Judson Bible ဥပုသ်နေ့၌ အနာရောဂါကို ငြိမ်းစေအပ်သလောဟု ဖာရိရှဲနှင့် ကျမ်းတတ်တို့ကို မေးတော်မူစေပြီးမှ၊- မြန်မာ့စံမီသမ္မာကျမ်း ယေရှုက ကျမ်းတတ်ပုဂ္ဂိုလ်နှင့် ဖာရိရှဲတို့အား“ဥပုသ်နေ့၌ အနာရောဂါကိုငြိမ်းစေခြင်းသည် တရားတော်နှင့်ညီသလော၊ သို့မဟုတ် မညီသလော”ဟု မေးတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက ဖာရိရှဲများနှင့် ကျမ်းတတ်ပညာရှင်များအား “ဥပုသ်နေ့၌ လူနာတစ်ဦးကို ကုသပေးခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးတော်မူ၏။ |
လူအချို့တို့က၊ ဥပုသ်နေ့၌ ရောဂါကို ငြိမ်းစေအပ်သလောဟု ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ မေးလျှောက်ကြ၏။-
ဖာရိရှဲတို့သည် မြင်လျှင်၊ ကိုယ်တော်၏ တပည့်တို့သည် ဥပုသ်နေ့၌ မပြုအပ်သောအမှုကို ပြုကြပါသည် တကားဟု လျှောက်ကြသော်၊-
သူတို့အဝင်အပါဖြစ်သော ကျမ်းတတ်တစ်ယောက်သည် ကိုယ်တော်ကို စုံစမ်းနှောင့်ယှက်ခြင်းငှာ၊-
ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သလော၊ သူ့အကျိုးကို ဖျက်ဆီးအပ်သလော၊ အသက်ကို ကယ်အပ်သလော၊ သတ်အပ်သလောဟု ပရိသတ်တို့အား မေးတော်မူလျှင်၊ ထိုသူတို့သည် တိတ်ဆိတ်စွာနေကြ၏။-
သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ ယေရှုသည် ထိုသူကိုယူ၍ အနာရောဂါနှင့် ကင်းလွတ်စေပြီးမှ၊ လွှတ်လိုက်တော်မူ၏။-
ယေရှုကလည်း၊ သင်တို့ကို ငါမေးမည်။ ဥပုသ်နေ့၌ အဘယ်သို့ပြုအပ်သနည်း။ ကျေးဇူးပြုအပ်သလော။ သူ့အကျိုးကို ဖျက်ဆီးအပ်သလော။ အသက်ကို ကယ်အပ်သလော၊ သတ်အပ်သလောဟု ပရိသတ်တို့အား မေးတော်မူပြီးလျှင်၊-
မောရှေ၏တရားမပျက်စေခြင်းငှာ လူသည်ဥပုသ်နေ့၌ အရေဖျားလှီးခြင်းကိုခံရလျှင်၊ ငါသည် ဥပုသ်နေ့၌ လူတစ်ကိုယ်လုံးကို ကျန်းမာစေသောကြောင့်၊ သင်တို့သည် ငါ့ကို အမျက်ထွက်ရာသလော။-