သာ၍အပြစ်ရှိသည် မဟုတ်။ သင်တို့ ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်၊ ငါဆိုသည်ဟု မိန့်တော်မူ၏။
လုကာ 13:6 - မြန်မာ တစ်ဖန် ဥပမာကို မိန့်တော်မူသည်ကား၊ လူတစ်ယောက်သည် ဥယျာဉ်၌စိုက်သော သင်္ဘောသဖန်းပင်တစ်ပင် ရှိ၏။ ထိုအပင်သို့ လာ၍ အသီးကိုရှာသော်လည်း မတွေ့။- Common Language Bible ကိုယ်တော်သည်လူအပေါင်းတို့အားပုံဥပမာ ဆောင်၍ ``လူတစ်ယောက်၏စပျစ်ဥယျာဉ်ထဲ တွင် စိုက်ပျိုးထားသောသင်္ဘောသဖန်းပင်တစ် ပင်ရှိ၏။ ဥယျာဉ်ရှင်သည်သဖန်းပင်ကိုလာ၍ သဖန်းသီးရှာသော်လည်းတစ်လုံးမျှမတွေ့ရ။- Garrad Bible ၎င်း ပြင် ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ ဥ ယျာဉ် ရှင် တစ် ဦး သည် ကိုယ့် စ ပျစ် ဥ ယျာဉ်၌ စိုက် ထား သော သ ဖန်း ပင် တွင် အ သီး ရှာ လာ ရောက် သော် မ တွေ့ သ ဖြင့် ဥ ယျာဉ် စောင့် အား၊ Judson Bible တစ်ဖန် ဥပမာကို မိန့်တော်မူသည်ကား၊ လူတစ်ယောက်သည် ဥယျာဉ်၌စိုက်သော သင်္ဘောသဖန်းပင်တစ်ပင် ရှိ၏။ ထိုအပင်သို့ လာ၍ အသီးကိုရှာသော်လည်း မတွေ့။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် ဤပုံဥပမာကိုပေး၍ မြွက်ဆိုတော်မူသည်မှာ“လူတစ်ဦးတွင် မိမိစပျစ်ခြံထဲ၌စိုက်ထားသော သဖန်းပင်တစ်ပင်ရှိ၏။ သူသည် ထိုအပင်၌ အသီးကိုလာရှာသော်လည်း မတွေ့ရချေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် ပုံဥပမာတစ်ခုကို မိန့်တော်မူ၏။ ကိုယ်တော်က “လူတစ်ဦးတွင် သူ၏စပျစ်ခြံ၌ စိုက်ပျိုးထားသောသဖန်းပင်တစ်ပင် ရှိ၏။ သူသည် လာ၍ အပင်၌ အသီးကိုရှာသော်လည်း အဘယ်အသီးကိုမျှ မတွေ့။ |
သာ၍အပြစ်ရှိသည် မဟုတ်။ သင်တို့ ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်၊ ငါဆိုသည်ဟု မိန့်တော်မူ၏။
သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည် ဖြစ်၍၊ ကောင်းသောအသီး မသီးသောအပင်ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ရသည်ဟု ဟောပြောလေ၏။-
သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သောအသီးကို သီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာတောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။