ဧလိရှဗက်သည် မြုံသောကြောင့် သူတို့သည် သားမရှိ။ ထိုသူနှစ်ယောက်တို့သည် အသက်အရွယ် ကြီးရင့်ကြ၏။
လုကာ 1:6 - မြန်မာ ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရား၏ ပညတ်တရားတော် အမျိုးမျိုးတို့ကို ကျင့်ဆောင်၍ အပြစ်တင်ခွင့်နှင့်လွတ်သဖြင့်၊ ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်ခြင်းပါရမီ ရှိကြ၏။- Common Language Bible ထိုသူနှစ်ဦးလုံးပင်ဘုရားသခင်၏ရှေ့တော် တွင်သူကောင်းများဖြစ်ကြ၏။ ထာဝရဘုရား ၏ပညတ်တော်ရှိသမျှနှင့်ညွှန်ကြားတော်မူ ချက်များကိုတစ်သဝေမတိမ်းလိုက်နာကြ၏။- Garrad Bible ထို သူ နှစ် ဦး လုံး သည် ထာ ဝ ရ ဘု ရား၏ မိန့် မှာ ချက်၊ စီ ရင် ချက် တော် ရှိ သ မျှ အ တိုင်း၊ အ ပြစ် မဲ့ လိုက် လျှောက် လျက် ဘု ရား သ ခင့် ရှေ့ တော် တွင် ဖြောင့် မတ် သူ ဖြစ် ကြ၏။ Judson Bible ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရား၏ ပညတ်တရားတော် အမျိုးမျိုးတို့ကို ကျင့်ဆောင်၍ အပြစ်တင်ခွင့်နှင့်လွတ်သဖြင့်၊ ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်ခြင်းပါရမီ ရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့နှစ်ဦးစလုံးသည် ထာဝရဘုရား၏ပညတ်တော်နှင့်ပြဋ္ဌာန်းချက်ရှိသမျှတို့ကို တစ်သဝေမတိမ်းလိုက်လျှောက်လျက် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူများဖြစ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဇာခရိနှင့် ဧလိရှဗက်တို့သည် ထာဝရဘုရား၏ပညတ်တော်အပေါင်းနှင့် ပြဋ္ဌာန်းထားသောစည်းမျဉ်းများကို အပြစ်ဆိုဖွယ်မရှိအောင် လိုက်နာကြ၏။ သူတို့သည် ဘုရားသခင်က မှန်ကန်ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူခြင်းကိုခံရသူများ ဖြစ်ကြ၏။ |
ဧလိရှဗက်သည် မြုံသောကြောင့် သူတို့သည် သားမရှိ။ ထိုသူနှစ်ယောက်တို့သည် အသက်အရွယ် ကြီးရင့်ကြ၏။
ယေရှုကလည်း၊ သင်တို့သည် လူများရှေ့မှာ ဖြောင့်မတ်ဟန်ဆောင်သော်လည်း၊ ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးကို သိမြင်တော်မူ၏။ လူသဘောအားဖြင့် အမြတ်ထားသောအရာသည် ဘုရားသခင့် ရှေ့တော်၌ စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။-
ထိုအခါ ရှုမောင်အမည်ရှိသော သူတစ်ယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည် ဖြောင့်မတ်သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မျှော်လင့်သောသူ ဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌ တည်သည်ဖြစ်၍၊-