ကောင်းကင်တမန်က၊ ငါသည် ဘုရားသခင့်အထံတော်၌ ခစားသော ဂါဗြေလဖြစ်၏။ သင့်ကို နှုတ်ဆက်၍ ဤဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကိုစေလွှတ်တော်မူ၏။-
လုကာ 1:11 - မြန်မာ ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ နံ့သာပေါင်းကိုရှို့သော ယဇ်ပလ္လင် လက်ယာဘက်၌ ရပ်နေသည်ကို၊- Common Language Bible ထိုအခါထာဝရဘုရား၏ကောင်းကင်တမန် သည် ဇာခရိ၏ရှေ့တွင်ပေါ်လာ၍နံ့သာပေါင်း ကို မီးရှို့ပူဇော်ရာပလ္လင်၏လက်ယာဘက်တွင် ရပ်လျက်နေ၏။- Garrad Bible ထို အ ခါ နံ့ သာ ပေါင်း တင် ရှို့ ရာ ပ လ္လင် တော့် ယာ ဘက် တွင် ထာ ဝ ရ ဘု ရား၏ စေ တ မန် တစ် ပါး ရပ် တန့် ထင် ရှား သည် ကို ဇာ ခ ရိ မြင်၍၊ Judson Bible ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ နံ့သာပေါင်းကိုရှို့သော ယဇ်ပလ္လင် လက်ယာဘက်၌ ရပ်နေသည်ကို၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် ဇာခရိရှေ့၌ပေါ်လာ၍ နံ့သာပေါင်းမီးရှို့ပူဇော်ရာယဇ်ပလ္လင်၏လက်ယာဘက်တွင် ရပ်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်တစ်ပါးသည် ဇာခရိ ရှေ့၌ ပေါ်လာ၍ အမွှေးနံ့သာပူဇော်ရာ ယဇ်ပလ္လင်၏လက်ယာဘက်တွင် ရပ်လေ၏။ |
ကောင်းကင်တမန်က၊ ငါသည် ဘုရားသခင့်အထံတော်၌ ခစားသော ဂါဗြေလဖြစ်၏။ သင့်ကို နှုတ်ဆက်၍ ဤဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကိုစေလွှတ်တော်မူ၏။-
ကောင်းကင်တမန်သည် ရောက်လာလျှင်၊ ကျေးဇူးတော်ကိုခံရသော မိန်းမ၊ သင့်အားမင်္ဂလာ ဖြစ်စေသတည်း။ ထာဝရဘုရားသည် သင်နှင့် အတူရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိသည်ဟု ပြောဆို၏။-
ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာ သတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။-
ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူတို့အနားမှာပေါ်လာ၍၊ ပတ်ဝန်းကျင်၌ ထာဝရဘုရား၏ ဘုန်းတော် ထွန်းတောက်သဖြင့်၊ သူတို့သည် အလွန်ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။-