ကိုယ်တော်သည် ထိုသူကို လူအစုအဝေးထဲကခေါ်၍၊ ဆိတ်ကွယ်ရာအရပ်သို့ သွားပြီးလျှင်၊ လက်ညှိုးတော်ကို သူ၏နားပေါက်၌ သွင်းတော်မူ၏။ တံတွေးနှင့် ထွေး၍ သူ၏လျှာကိုလည်း တို့တော်မူ၏။-
ရှင်ယောဟန် 9:6 - မြန်မာ မြေပေါ်မှာ ထွေး၍ တံတွေးနှင့်ရွှံ့လုပ်ပြီးမှ၊ ကန်းသောသူ၏မျက်စိကိုရွှံ့နှင့်လူး၍၊- Common Language Bible ဤသို့မိန့်တော်မူပြီးနောက်ကိုယ်တော်သည် မြေပေါ်သို့တံတွေးထွေး၍ရွှံ့ပြုလုပ်တော် မူ၏။ မျက်မမြင်၏မျက်စိကိုရွှံ့နှင့်လူး၍၊- Garrad Bible မြေပေါ်တွင်တံတွေးတော်ဖြင့်ရွှံ့လုပ်လျက်၊ Judson Bible မြေပေါ်မှာ ထွေး၍ တံတွေးနှင့်ရွှံ့လုပ်ပြီးမှ၊ ကန်းသောသူ၏မျက်စိကိုရွှံ့နှင့်လူး၍၊- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့မိန့်တော်မူပြီးနောက် မြေပေါ်သို့တံတွေးထွေး၍ တံတွေးနှင့်ရွှံ့လုပ်ပြီးလျှင် မျက်မမြင်၏မျက်စိကို ထိုရွှံ့နှင့်လူးလျက် ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် မြေပေါ်သို့ တံတွေးထွေးပြီးလျှင် ရွှံ့လုပ်၍ ထိုမျက်မမြင်၏ မျက်စိပေါ်၌ လိမ်းတော်မူ၏။ |
ကိုယ်တော်သည် ထိုသူကို လူအစုအဝေးထဲကခေါ်၍၊ ဆိတ်ကွယ်ရာအရပ်သို့ သွားပြီးလျှင်၊ လက်ညှိုးတော်ကို သူ၏နားပေါက်၌ သွင်းတော်မူ၏။ တံတွေးနှင့် ထွေး၍ သူ၏လျှာကိုလည်း တို့တော်မူ၏။-
ကိုယ်တော်သည် လူကန်းကိုလက်ဆွဲ၍ မြို့ပြင်သို့ ထွက်ပြီးမှ၊ သူ၏မျက်စိကို တံတွေးနှင့်ထွေး၍ သူ့အပေါ်မှာ လက်တော်ကိုတင်လျက်၊ သင်သည် တစ်စုံတစ်ခုကို မြင်သလောဟု မေးတော်မူ၏။-
ထိုသူက၊ ယေရှုအမည်ရှိသော သူတစ်ယောက်သည် ရွှံ့လုပ်၍ ကျွန်ုပ်မျက်စိကိုလူးပြီးမှ၊ ရှိလောင်ရေကန်သို့သွား၍ မျက်စိကိုဆေးလော့ဟု ဆိုသည်အတိုင်း အကျွန်ုပ်သွား၍ဆေးလျှင် မျက်စိမြင်သည်ဟုဆို၏။-