ရှင်ယောဟန် 9:36 - မြန်မာ သခင်၊ အကျွန်ုပ်ယုံကြည်ရမည်အကြောင်း ဘုရားသခင်၏သားတော်ကား အဘယ်သူနည်းဟု မေးလျှောက်သော်၊- Common Language Bible ထိုသူက ``အရှင်၊ လူသားကားအဘယ်သူဖြစ် ပါသနည်း။ အကျွန်ုပ်ယုံနိုင်ရန်လူသားသည် မည်သူနည်း'' ဟုလျှောက်၏။ Garrad Bible အရှင်ဘုရား၊ ကျွန်တော်ယုံကြည်ရရန် လူ့သားမည်သူပါနည်းဟု ပြန်လျှောက်သည့်ကာလ၊ Judson Bible သခင်၊ အကျွန်ုပ်ယုံကြည်ရမည်အကြောင်း ဘုရားသခင်၏သားတော်ကား အဘယ်သူနည်းဟု မေးလျှောက်သော်၊- မြန်မာ့စံမီသမ္မာကျမ်း သူကလည်း “သခင်ဘုရား၊ သူ့ကိုယုံကြည်နိုင်ရန် ထိုသူမည်သူဖြစ်သည်ကို သိလိုပါ၏”ဟု ပြန်လျှောက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူက “သခင်… အကျွန်ုပ်ယုံကြည်လိုပါ၏။ ထိုသူ မည်သူဖြစ်သည်ကို ပြောပြပေးပါ” ဟု လျှောက်လေ၏။ |
ယေရှုသည်လှည့်၍ ထိုသူတို့ လိုက်ကြသည်ကို မြင်တော်မူလျှင်၊ အဘယ်အလိုရှိသနည်းဟု မေးတော်မူ၏။ ထိုသူတို့က၊ ရဗ္ဗိ၊ ကိုယ်တော်သည် အဘယ်မှာနေတော်မူသနည်းဟု မေးလျှောက်ကြ၏။ ရဗ္ဗိ၊ အနက်ကား၊ အရှင်ဘုရားဟု ဆိုလိုသတည်း။-
ယေရှုက၊ သင်သည် ထိုသူကိုမြင်ခဲ့ပြီးသည်သာမက၊ သင်နှင့် ယခု စကားပြောသောသူသည် ဘုရားသခင်၏သားတော်ဖြစ်၏ဟု မိန့်တော်မူလျှင်၊-