ထိုအခါ အဘယ်သူသည် ယေရှုရှိရာအရပ်ကိုသိလျှင် သူ့ကိုဖမ်းဆီးစေခြင်းငှာ ပြညွှန်ရမည်ဟု ယဇ်ပုရာဟိတ်အကြီးတို့နှင့် ဖာရိရှဲတို့သည် မှာခဲ့ကြပြီ။
ရှင်ယောဟန် 9:13 - မြန်မာ လူများသည် မျက်စိကန်းဖူးသော ထိုသူကို ဖာရိရှဲတို့ထံသို့ ပို့ကြ၏။- Common Language Bible လူတို့သည်ယခင်ကမျက်မမြင်ဖြစ်ခဲ့သူကို ဖာရိရှဲတို့ထံသို့ခေါ်ခဲ့ကြ၏။- Garrad Bible ယေရှုရွှံ့လုပ်၍မျက်စိပွင့်စေသောနေ့သည် ဥပုသ်နေ့ဖြစ်သည့်အလျောက် မျက်စိချို့ဘူးသူ့ကို ဖာရိရှဲတို့ထံခေါ်သွားကြရာ၊ Judson Bible လူများသည် မျက်စိကန်းဖူးသော ထိုသူကို ဖာရိရှဲတို့ထံသို့ ပို့ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် ယခင်က မျက်မမြင်ဖြစ်ခဲ့သောထိုသူကို ဖာရိရှဲတို့ထံသို့ခေါ်သွားကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် မျက်မမြင်ဖြစ်ခဲ့ဖူးသော ထိုသူကို ဖာရိရှဲတို့ထံ ခေါ်ဆောင်သွားကြ၏။ |
ထိုအခါ အဘယ်သူသည် ယေရှုရှိရာအရပ်ကိုသိလျှင် သူ့ကိုဖမ်းဆီးစေခြင်းငှာ ပြညွှန်ရမည်ဟု ယဇ်ပုရာဟိတ်အကြီးတို့နှင့် ဖာရိရှဲတို့သည် မှာခဲ့ကြပြီ။
ဖာရိရှဲအချင်းချင်းတို့လည်း၊ သင်တို့သည် အလျှင်းမတတ်နိုင်။ ဤလောကသည် ထိုသူနောက်သို့ လိုက်သွားပါပြီတကားဟု ပြောဆိုကြ၏။
သို့သော်လည်း အရာရှိအများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ တရားဇရပ်မှဖာရိရှဲတို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှားစွာဝန်မခံကြ။-
လူများကလည်း၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးမြန်းကြလျှင်၊ အကျွန်ုပ်မသိဟုဆို၏။
ယေရှုသည် ရွှံ့လုပ်၍ သူ၏မျက်စိကိုဖွင့်တော်မူသောနေ့သည် ဥပုသ်နေ့ဖြစ်သတည်း။-