ရှင်ယောဟန် 12:42 - မြန်မာ42 သို့သော်လည်း အရာရှိအများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ တရားဇရပ်မှဖာရိရှဲတို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှားစွာဝန်မခံကြ။- အခန်းကိုကြည့်ပါ။Common Language Bible42 သို့ဖြစ်စေကာမူယုဒအာဏာပိုင်အမြောက် အမြားပင်ကိုယ်တော်ကိုယုံကြည်လာကြ၏။ သို့ရာတွင်ဖာရိရှဲများကြောင့်တရားဇရပ် မှထုတ်ပယ်ခံရမည်ကိုကြောက်၍မိမိတို့ ယုံကြည်ကြောင်းကိုပွင့်လင်းစွာဝန်မခံကြ။- အခန်းကိုကြည့်ပါ။Garrad Bible42-43 ထိုသို့ဆိုလျက်ပင် အရာရှိတို့အနက်အများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ သို့ရာတွင်ဘုရားသခင့်ထံအချီးအမွမ်းထက် လူတို့ထံအချီးအမွမ်းကို နှစ်သက်ကြသည့်အလျောက် အသင်းတော်မှ ထုတ်ပယ်ခံရမည်ကိုစိုး၍ ဖာရိရှဲတို့ကြောင့်ဝန်မခံဘဲနေကြ၏။ အခန်းကိုကြည့်ပါ။Judson Bible42 သို့သော်လည်း အရာရှိအများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ တရားဇရပ်မှဖာရိရှဲတို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှားစွာဝန်မခံကြ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း42 မည်သို့ပင်ဖြစ်စေ အကြီးအကဲတို့တွင်လည်း ကိုယ်တော်ကိုယုံကြည်သောသူများစွာရှိကြ၏။ သို့သော် သူတို့သည် ဝတ်ပြုစည်းဝေးကျောင်းမှ ထုတ်ပယ်ခြင်းခံရမည်ကို စိုးရိမ်သဖြင့် ဖာရိရှဲတို့ကြောင့် ဖွင့်မပြောဘဲနေကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း42 မည်သို့ပင်ဖြစ်စေ ဂျူးခေါင်းဆောင်များအပါအဝင် လူများစွာတို့သည် ယေရှုကို ယုံကြည်ကြ၏။ သို့သော်လည်း သူတို့အား ဖာရိရှဲတို့က ဂျူးဝတ်ပြုဆောင်မှ ထုတ်ပယ်မည်ကို စိုးသဖြင့် သူတို့သည် လူတို့ရှေ့၌ ဝန်မခံကြ။ အခန်းကိုကြည့်ပါ။ |
ညအခါ ယေရှုထံတော်သို့လာ၍၊ အရှင်ဘုရား၊ ကိုယ်တော်သည်ပြတော်မူသော ဤနိမိတ်လက္ခဏာတို့ကို ဘုရားသခင်၏အခွင့်မရှိလျှင် အဘယ်သူမျှ မပြနိုင်သည်ကို အကျွန်ုပ်တို့သည်ထောက်၍၊ ကိုယ်တော်သည် ဘုရားသခင့်အထံတော်မှ ကြွလာတော်မူသော ဆရာဖြစ်ကြောင်းကို သိကြပါ၏ဟုလျှောက်သော်၊-