ထိုသူတို့သည် အထပ်ထပ်မေးလျှောက်ကြသောအခါ ကိုယ်ကိုလှန်တော်မူ၍၊ သင်တို့တွင် အပြစ်ကင်းသောသူသည် ရှေ့ဦးစွာ ကျောက်ခဲနှင့်ပစ်စေဟု မိန့်တော်မူပြီးမှ၊-
ရှင်ယောဟန် 8:8 - မြန်မာ တစ်ဖန်အောက်သို့ငုံ့၍ မြေ၌ ရေးသားတော်မူပြန်၏၊ Common Language Bible ထိုနောက်ငုံ့၍မြေပေါ်တွင်ရေးခြစ်လျက် နေတော်မူပြန်၏။- Garrad Bible တစ်ဖန်ငုံ့လျက် မြေပေါ်တွင်ရေးသားတော်မူပြန်၏။ Judson Bible တစ်ဖန်အောက်သို့ငုံ့၍ မြေ၌ ရေးသားတော်မူပြန်၏၊ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန်ငုံ့လျက် မြေပေါ်တွင် ဆက်၍ရေးတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် တစ်ဖန် အောက်သို့ ငုံ့၍ မြေပေါ်တွင် ရေးခြစ်လျက်နေတော်မူပြန်၏။ |
ထိုသူတို့သည် အထပ်ထပ်မေးလျှောက်ကြသောအခါ ကိုယ်ကိုလှန်တော်မူ၍၊ သင်တို့တွင် အပြစ်ကင်းသောသူသည် ရှေ့ဦးစွာ ကျောက်ခဲနှင့်ပစ်စေဟု မိန့်တော်မူပြီးမှ၊-
ထိုသူတို့သည်ကြားရလျှင် မိမိတို့စိတ်နှလုံးသည် မိမိတို့အပြစ်ကို ဖော်ပြသဖြင့်၊ အသက်ကြီးသောသူမှစ၍ အငယ်ဆုံးသောသူတိုင်အောင် တစ်ယောက်နောက်တစ်ယောက် ထွက်သွားကြ၏။ ယေရှုသည် တစ်ယောက်တည်း ကျန်ရစ်တော်မူ၍၊ မိန်းမသည် အလယ်၌ရပ်နေ၏။-