ယုဒလူတို့က၊ သင်သည်အဘယ်သူနည်းဟု ယောဟန်ကိုမေးမြန်းစေခြင်းငှာ ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ကို ယေရုရှလင်မြို့မှ စေလွှတ်သောအခါ၊ ယောဟန်သည် သက်သေခံလေသည်မှာ၊-
ရှင်ယောဟန် 8:22 - မြန်မာ ယုဒလူတို့ကလည်း၊ ငါသွားရာအရပ်သို့သင်တို့ မရောက်နိုင်ကြဟု သူသည်ဆိုသော်၊ ကိုယ်အသက်ကို သတ်မည်လောဟု ဆိုကြ၏။- Common Language Bible သို့ဖြစ်၍ယုဒအာဏာပိုင်များက ``ငါသွား မည့်အရပ်သို့သင်တို့မလိုက်နိုင်ကြဟုသူ ဆိုချေသည်။ သူသည်မိမိကိုယ်ကိုသတ်၍ သေမည်လော'' ဟုပြောဆိုကြ၏။ Garrad Bible ယုဒလူမျိုးတို့က ငါသွားရာသို့သင်တို့ရောက်နိုင်ကြမည်မဟုတ်ဟူ၍သူဆိုသည်မှာ ကိုယ်ကိုသတ်မည်လောဟု တိုင်ပင်ကြသော်၊ Judson Bible ယုဒလူတို့ကလည်း၊ ငါသွားရာအရပ်သို့သင်တို့ မရောက်နိုင်ကြဟု သူသည်ဆိုသော်၊ ကိုယ်အသက်ကို သတ်မည်လောဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဂျူးလူမျိုးတို့က “သူသည်‘ငါသွားရာအရပ်သို့ သင်တို့မလာနိုင်ကြ’ဟုဆိုခြင်းမှာ သူ့ကိုယ်သူ သတ်သေမည်လော”ဟု ပြောဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ဂျူးလူမျိုးတို့က “သူသည် ‘ငါသွားမည့်အရပ်သို့ သင်တို့ လိုက်နိုင်မည်မဟုတ်’ ဟု ပြောဆိုသည်မှာ မိမိကိုယ်ကိုယ် သတ်သေရန် ကြံစည်နေသလော” ဟု ပြောဆိုကြ၏။ |
ယုဒလူတို့က၊ သင်သည်အဘယ်သူနည်းဟု ယောဟန်ကိုမေးမြန်းစေခြင်းငှာ ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ကို ယေရုရှလင်မြို့မှ စေလွှတ်သောအခါ၊ ယောဟန်သည် သက်သေခံလေသည်မှာ၊-
လူများတို့က၊ သူသည် နတ်ဆိုးစွဲ၍အရူးဖြစ်၏။ သူ့စကားကို အဘယ်ကြောင့်နားထောင်သနည်းဟု ဆိုကြ၏။-
လူအစုအဝေးကလည်း၊ သင်သည် နတ်ဆိုးစွဲသောသူဖြစ်၏။ သင့်ကို သတ်အံ့သောငှာ အဘယ်သူရှာကြံသနည်းဟု ဆိုကြ၏။-
ယုဒလူတို့က၊ ငါတို့ကိုမတွေ့စေခြင်းငှာ သူသည် အဘယ်အရပ်သို့သွားလိမ့်မည်နည်း။ ဟေလသလူတို့တွင် အရပ်ရပ်သို့ ကွဲပြားလျက်နေသော သူတို့ရှိရာသို့သွား၍ ဟေလသလူတို့အား တရားဟောလိမ့်မည်လော။-
ယုဒလူတို့ကလည်း၊ သင်သည် ရှမာရိလူဖြစ်၏။ နတ်ဆိုးစွဲသောသူလည်းဖြစ်၏ဟု ငါတို့ပြောသောစကားသည် လျောက်ပတ်သည်မဟုတ်လောဟု ဆိုကြ၏။-
ယုဒလူတို့ကလည်း၊ သင်၌နတ်ဆိုးစွဲသည်ကို ယခုငါတို့သိကြ၏။ အာဗြဟံမှစ၍ ပရောဖက်တို့သည် သေလွန်ကြပြီ။ သင်မူကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့်မည်ဟု ဆိုပါသည်တကား။-