မျက်နှာတော်ကိုဖုံးပြီးလျှင် လက်နှင့်ပုတ်လျက်၊ ကိုယ်တော်ကို အဘယ်သူပုတ်သည်ကို ပရောဖက်ပြု၍ ဟောတော်မူပါဟုဆိုကြ၏။-
ရှင်ယောဟန် 8:13 - မြန်မာ ဖာရိရှဲတို့ကလည်း၊ သင်သည် ကိုယ်အကြောင်းကိုသက်သေခံ၏၊ သင်၏သက်သေမတည်ဟု ဆိုကြ၏။- Common Language Bible ဖာရိရှဲတို့က ``သင်သည်ကိုယ့်အကြောင်းကို သက်သေခံလျက်နေ၏။ သို့ဖြစ်၍သင့်သက် သေခံချက်သည်မခိုင်လုံ'' ဟုဆိုကြ၏။ Garrad Bible သို့ဖြစ်၍ဖာရိရှဲတို့က ကိုယ့်အကြောင်းသက်သေခံသဖြင့် သင့်သက်သေခံချက်မတည်ဟု ဆိုကြသော်၊ Judson Bible ဖာရိရှဲတို့ကလည်း၊ သင်သည် ကိုယ်အကြောင်းကိုသက်သေခံ၏၊ သင်၏သက်သေမတည်ဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဖာရိရှဲတို့က “သင်သည် ကိုယ့်အကြောင်းကိုသက်သေခံနေ၏။ သင်၏သက်သေခံချက်သည် မှန်ကန်မှုမရှိ”ဟု ဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ဖာရိရှဲများက “သင်သည် မိမိအကြောင်းမိမိ သက်သေခံနေ၏။ ထို့ကြောင့် သင်၏ သက်သေသည် မခိုင်လုံပါ” ဟု ဆိုကြ၏။ |
မျက်နှာတော်ကိုဖုံးပြီးလျှင် လက်နှင့်ပုတ်လျက်၊ ကိုယ်တော်ကို အဘယ်သူပုတ်သည်ကို ပရောဖက်ပြု၍ ဟောတော်မူပါဟုဆိုကြ၏။-