သူ၏နာမကိုလည်း လူအမျိုးမျိုးတို့သည်ကိုးစားကြလိမ့်မည်ဟု ဟောထားသတည်း။
ရှင်ယောဟန် 7:35 - မြန်မာ ယုဒလူတို့က၊ ငါတို့ကိုမတွေ့စေခြင်းငှာ သူသည် အဘယ်အရပ်သို့သွားလိမ့်မည်နည်း။ ဟေလသလူတို့တွင် အရပ်ရပ်သို့ ကွဲပြားလျက်နေသော သူတို့ရှိရာသို့သွား၍ ဟေလသလူတို့အား တရားဟောလိမ့်မည်လော။- Common Language Bible ယုဒအာဏာပိုင်တို့က ``ငါတို့ရှာ၍မတွေ့စေရန် သူသည်အဘယ်အရပ်သို့သွားပါမည်နည်း။ ယုဒ အမျိုးသားတို့နေထိုင်ရာဂရိမြို့များသို့သွား၍ ဂရိအမျိုးသားတို့အားဟောပြောသွန်သင်ပါ မည်လော။- Garrad Bible သို့ဖြစ်၍ယုဒလူမျိုးတို့က ငါတို့ရှာ၍မတွေ့နိုင်အောင် မည်သည့်အရပ်သို့သွားမည်နည်း။ ဂရိတ်လူမျိုးတို့ရှိရာတွင် ကွဲလွင့်နေထိုင်သူတို့ထံသွားပြီးလျှင် ဂရိတ်လူမျိုးတို့အား ဒေသနာပေးမည်လော။ Judson Bible ယုဒလူတို့က၊ ငါတို့ကိုမတွေ့စေခြင်းငှာ သူသည် အဘယ်အရပ်သို့သွားလိမ့်မည်နည်း။ ဟေလသလူတို့တွင် အရပ်ရပ်သို့ ကွဲပြားလျက်နေသော သူတို့ရှိရာသို့သွား၍ ဟေလသလူတို့အား တရားဟောလိမ့်မည်လော။- မြန်မာ့စံမီသမ္မာကျမ်း ဂျူးလူမျိုးတို့ကလည်း “ငါတို့ရှာ၍မတွေ့စေရန် ဤသူသည် မည်သည့်အရပ်သို့သွားရန် ကြံရွယ်နေသနည်း။ ဂရိလူမျိုးတို့ရှိရာအရပ်ရပ်တို့၌ ကွဲလွင့်ပျံ့နှံ့နေသောသူတို့ထံသို့သွား၍ ဂရိလူမျိုးတို့ကိုသွန်သင်ရန် ကြံရွယ်နေသလော။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂျူးခေါင်းဆောင်များက “ငါတို့ မတွေ့နိုင်အောင် သူသည် မည်သည့်အရပ်သို့ သွားရန် ကြံစည်နေပါသနည်း။ ဂရိလူမျိုးများကြားတွင် ပျံ့နှံ့နေထိုင်လျက်ရှိသော ငါတို့ဂျူးလူမျိုးများထံသို့ သွား၍ ဂရိလူမျိုးတို့ကိုပင် သွန်သင်ရန် ကြံစည်နေသလော။ |
သူ၏နာမကိုလည်း လူအမျိုးမျိုးတို့သည်ကိုးစားကြလိမ့်မည်ဟု ဟောထားသတည်း။
ကိုးကွယ်ခြင်းအမှုနှင့် ထိုပွဲသို့ ရောက်လာသောသူတို့တွင် ဟေလသလူအချို့ပါ၏။-
ထိုနောက်မှ ယေရှုသည် ဂါလိလဲပြည်၌ လှည့်လည်တော်မူ၏။ ယုဒလူတို့သည် ကိုယ်တော်ကို သတ်အံ့သောငှာ ရှာကြံသောကြောင့်၊ ယုဒပြည်၌ လှည့်လည်ခြင်းငှာ အလိုတော်မရှိ။
ယုဒလူတို့ကလည်း၊ ငါသွားရာအရပ်သို့သင်တို့ မရောက်နိုင်ကြဟု သူသည်ဆိုသော်၊ ကိုယ်အသက်ကို သတ်မည်လောဟု ဆိုကြ၏။-