ထိုအခါ ဖာရိရှဲတို့သည် ထွက်၍ ကိုယ်တော်ကို အဘယ်သို့ ဖျက်ဆီးရအံ့နည်းဟု တိုင်ပင်ကြ၏။-
ရှင်ယောဟန် 7:32 - မြန်မာ ထိုသို့လူများ အုတ်အုတ်သဲသဲဖြစ်ကြသည်ကို ဖာရိရှဲတို့သည်ကြားလျှင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် တိုင်ပင်ပြီးမှ ကိုယ်တော်ကို ဖမ်းဆီးစေခြင်းငှာ မင်းလုလင်တို့ကို စေလွှတ်ကြ၏။- Common Language Bible ဤသို့ကိုယ်တော်၏အကြောင်းကိုလူတို့တီး တိုးပြောဆိုနေကြသည်ကိုဖာရိရှဲများ ကြားကြ၏။ သို့ဖြစ်၍သူတို့နှင့်ယဇ်ပုရော ဟိတ်ကြီးများသည် ကိုယ်တော်ကိုဖမ်းဆီး ရန်အစောင့်တပ်သားအချို့ကိုစေလွှတ် လိုက်ကြ၏။- Garrad Bible ထိုသို့ ကိုယ်တော်နှင့်စပ်၍ လူပရိသတ်နှီးနှောကြသည်ကိုဖာရိရှဲတို့ကြားကြသော် ပရောဟိတ်ကြီးနှင့်ဖာရိရှဲတို့သည် ကိုယ်တော်ကိုဖမ်းဆီးရန်မင်းမှုထမ်းတို့ကိုစေလွှတ်ကြသဖြင့်၊ Judson Bible ထိုသို့လူများ အုတ်အုတ်သဲသဲဖြစ်ကြသည်ကို ဖာရိရှဲတို့သည်ကြားလျှင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် တိုင်ပင်ပြီးမှ ကိုယ်တော်ကို ဖမ်းဆီးစေခြင်းငှာ မင်းလုလင်တို့ကို စေလွှတ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း လူထုပရိသတ်သည် ယေရှုနှင့်ပတ်သက်၍ ထိုသို့တီးတိုးပြောဆိုနေကြသည်ကို ဖာရိရှဲတို့ကြားလျှင် ယဇ်ပုရောဟိတ်အကြီးအကဲတို့နှင့်ဖာရိရှဲတို့သည် ကိုယ်တော်ကိုဖမ်းဆီးရန် အစောင့်တပ်သားများကိုစေလွှတ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ လူတို့တီးတိုးပြောဆိုနေကြသည်ကို ဖာရိရှဲများ ကြားသော် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် တိုင်ပင်၍ ယေရှုကို ဖမ်းဆီးရန် ဗိမာန်တော်အစောင့်များကို စေလွှတ်လိုက်ကြ၏။ |
ထိုအခါ ဖာရိရှဲတို့သည် ထွက်၍ ကိုယ်တော်ကို အဘယ်သို့ ဖျက်ဆီးရအံ့နည်းဟု တိုင်ပင်ကြ၏။-
လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကို လူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။
ပေတရုသည်လည်း၊ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးတိုင်အောင် ကိုယ်တော်နှင့် ဝေးစွာလိုက်၍ အတွင်းသို့ ဝင်ပြီးလျှင်၊ ထိုအမှု၏ အဆုံးကိုသိမြင်ခြင်းငှာ မင်းလုလင်တို့နှင့်အတူ ထိုင်နေ၏။-
အချို့မူကား၊ ဖာရိရှဲတို့ထံသို့သွား၍ ယေရှုပြုတော်မူသောအမှုကို ကြားပြောကြ၏။
ဖာရိရှဲအချင်းချင်းတို့လည်း၊ သင်တို့သည် အလျှင်းမတတ်နိုင်။ ဤလောကသည် ထိုသူနောက်သို့ လိုက်သွားပါပြီတကားဟု ပြောဆိုကြ၏။
စစ်သူရဲတစ်တပ်ကိုလည်းကောင်း၊ ယဇ်ပုရာဟိတ်အကြီးတို့နှင့် ဖာရိရှဲတို့စေလွှတ်သော မင်းလုလင်တို့ကိုလည်းကောင်း ခေါ်ခဲ့၍၊ မီးအိမ်၊ မီးရှူး၊ လက်နက်တို့ကို လက်စွဲလျက်လာကြ၏။-
ကိုယ်တော်ကို ဖမ်းဆီးခြင်းအခွင့်ကို ရှာကြ၏။ သို့သော်လည်း ကိုယ်တော်၏အချိန်မစေ့ မရောက်သေးသောကြောင့် အဘယ်သူမျှ မဖမ်းမဆီးကြ။-