ရှင်ယောဟန် 7:22 - မြန်မာ မောရှေသည် အရေဖျားလှီးခြင်းတရားကို သင်တို့အားပေး၏။ ထိုသို့ဆိုသော် မောရှေမှ အစစွာခံရသည်ဟု မဆိုလို။ ဘိုးဘေးများမှ ဆက်ခံရသတည်း၊ ထိုကြောင့် ဥပုသ်နေ့၌ သင်တို့သည် အရေဖျားလှီးခြင်းကို ပေးကြ၏။- Common Language Bible မောရှေကသင်တို့၏ကလေးသူငယ်များအား အရေဖျားလှီးမင်္ဂလာပေးရန်ပညတ်ခဲ့၏။ သို့ ဖြစ်၍သင်တို့သည်ဥပုသ်နေ့၌ပင်လျှင် အရေ ဖျားလှီးမင်္ဂလာကိုပြုကြ၏။ (အမှန်စင်စစ် အရေဖျားလှီးမင်္ဂလာကိုစတင်စီရင်ခဲ့သူ မှာ မောရှေမဟုတ်ဘဲသင်တို့ဘိုးဘေးများ ဖြစ်ပေသည်။)- Garrad Bible မောရှေသည်ကိုယ်တိုင်ဦးစွာမဟုတ်၊ ဘိုးဘေးတို့ထံမှဆက်ခံ၍ သင်တို့အားလှီးဖြတ်ခြင်းမင်္ဂလာကိုပေးသဖြင့် ဥပုသ်နေ့တွင်လှီးဖြတ်ခြင်းမင်္ဂလာတရားကို သင်တို့ပေးတတ်ကြ၏။ Judson Bible မောရှေသည် အရေဖျားလှီးခြင်းတရားကို သင်တို့အားပေး၏။ ထိုသို့ဆိုသော် မောရှေမှ အစစွာခံရသည်ဟု မဆိုလို။ ဘိုးဘေးများမှ ဆက်ခံရသတည်း၊ ထိုကြောင့် ဥပုသ်နေ့၌ သင်တို့သည် အရေဖျားလှီးခြင်းကို ပေးကြ၏။- မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် အရေဖျားလှီးခြင်းဓလေ့ကို သင်တို့အားပေးခဲ့သောကြောင့် သင်တို့သည် ဥပုသ်နေ့၌ပင် လူကိုအရေဖျားလှီးခြင်းပေးကြ၏။ (အမှန်မှာ ဤဓလေ့သည် မောရှေထံမှမဟုတ်ဘဲ ဘိုးဘေးများထံမှလာ၏။) ခေတ်သစ်မြန်မာ သမ္မာကျမ်း မောရှေသည် အရေပြားလှီးခြင်းဓလေ့ကို သင်တို့အား ပေးခဲ့သောကြောင့် သင်တို့သည်လည်း ဥပုသ်နေ့၌ အရေပြားလှီးခြင်းမင်္ဂလာကို လူတို့အား ပေးကြ၏။ အမှန်စင်စစ် ဤဓလေ့သည် မောရှေထံမှ မဟုတ်ဘဲ ဘိုးဘေးများထံမှလာ၏။ |