ယုဒပသခါပွဲခံခါနီးတွင် လူများတို့သည် မိမိတို့ကိုသန့်ရှင်းစေခြင်းငှာ ပွဲမခံမီ အရပ်ရပ်တို့မှ ယေရုရှလင်မြို့သို့ လာကြ၏။-
ရှင်ယောဟန် 6:4 - မြန်မာ ထိုအခါ ယုဒလူတို့၏ပသခါပွဲခံချိန် ရောက်လုနီးသတည်း။ Common Language Bible ယုဒအမျိုးသားတို့၏ပွဲတော်ဖြစ်သော ပသခါပွဲကျရောက်ရန်အခါကားနီး ပေပြီ။- Garrad Bible ယုဒလူမျိုး၏ ပသခါပွဲတိုင်လုသည့်အတိုင်း ကြီးစွာသောလူပရိသတ်လိုက်လာသည်ကိုမြင်တော်မူသော်၊ ကိုယ်တိုင်မည်သို့ပြုမည်ကိုသိသော်လည်း ဖိလိပ္ပုအားစုံစမ်းလို၍ မေးတော်မူသည်မှာ၊ ထိုသူတို့စားလောက်အောင် အစာကိုမည်သို့ဝယ်ရအံ့နည်းဟုမေးတော်မူလျှင် ဖိလိပ္ပုက လူတိုင်းအနည်းငယ်စားရစေခြင်းငှါ၊ Judson Bible ထိုအခါ ယုဒလူတို့၏ပသခါပွဲခံချိန် ရောက်လုနီးသတည်း။ မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်သည် ဂျူးလူမျိုးတို့၏ပွဲတော်တည်းဟူသော ပသခါပွဲတော်နီးကပ်သည့်အချိန်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုကာလသည် ဂျူးလူမျိုးတို့၏ပသခါပွဲတော် ရောက်လုနီးချိန်ဖြစ်၏။ |
ယုဒပသခါပွဲခံခါနီးတွင် လူများတို့သည် မိမိတို့ကိုသန့်ရှင်းစေခြင်းငှာ ပွဲမခံမီ အရပ်ရပ်တို့မှ ယေရုရှလင်မြို့သို့ လာကြ၏။-
ပသခါပွဲခံချိန် ခြောက်ရက်လိုသေးသောအခါ၊ အထက်ကသေလွန်၍ သေခြင်းမှ ထမြောက်စေတော်မူသော လာဇရုနေရာအရပ်၊ ဗေသနိရွာသို့ ယေရှုသည်ရောက်တော်မူ၏။-
ပသခါပွဲမခံမီ၌ ယေရှုသည် ဤလောကမှခမည်းတော်ထံသို့ ပြောင်းရသောအချိန် ရောက်သည်ကို သိတော်မူသည်ဖြစ်၍၊ ဤလောက၌ရှိသောမိမိလူတို့ကို ချစ်တော်မူသောကြောင့် အဆုံးတိုင်အောင် ချစ်တော်မူ၏။-
ထိုနောက်မှ ယုဒပွဲခံစဉ်တွင်၊ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွတော်မူ၏။-