မုန့်ခုနစ်လုံးနှင့် ငါးတို့ကိုလည်းယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ မုန့်နှင့်ငါးကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့လည်း လူအပေါင်းတို့အား ပေးကြ၏။-
ရှင်ယောဟန် 6:23 - မြန်မာ အထက်ကသခင်ဘုရားသည် ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ၊ လူများသည် မုန့်ကိုစားကြရာအရပ်နှင့် အနီး၊ တိဗေရိမြို့မှ အခြားသောလှေငယ်များလာသော်လည်း၊ မနေ့၌ တပည့်တော်တို့ဝင်သော လှေမှတစ်ပါး အဘယ်လှေမျှ မရှိသည်ကိုလည်းကောင်း၊ ယေရှုသည် ထိုလှေထဲသို့ တပည့်တော်တို့ နှင့်အတူ ဝင်တော်မမူဘဲလျက်၊ တပည့်တော်တို့သာ သွားသည်ကိုလည်းကောင်း မြင်ကြ၍၊- Common Language Bible သို့သော်လည်းတိဗေရိမြို့မှလာသောလှေများ သည်သခင်ဘုရားကျေးဇူးတော်ကိုချီးမွမ်း၍ လူပရိသတ်အားမုန့်ကိုကျွေးမွေးတော်မူခဲ့ သည့်အရပ်အနီးသို့ဆိုက်ရောက်လာကြ၏။- Garrad Bible သိမြင်ကြသည့်ပြင်၊ ယေရှုနှင့်တပည့်တော်တို့သည်ထိုအရပ်၌မရှိရစ်ကြောင်းတွေ့မြင်ကြသည့်ကာလ ကျေးဇူးတော်ကိုအရှင်ဘုရားချီးမွမ်းပြီးနောက် အစာစားခဲ့ကြရာအရပ်အနီးသို့ တိဗေရိမြို့လှေများဆိုက်ရောက်သဖြင့် ထိုလှေများကိုစီး၍ ယေရှုကိုရှာရန်ကပေရနောင်မြို့ရောက်သွားကြ၏။ Judson Bible အထက်ကသခင်ဘုရားသည် ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ၊ လူများသည် မုန့်ကိုစားကြရာအရပ်နှင့် အနီး၊ တိဗေရိမြို့မှ အခြားသောလှေငယ်များလာသော်လည်း၊ မနေ့၌ တပည့်တော်တို့ဝင်သော လှေမှတစ်ပါး အဘယ်လှေမျှ မရှိသည်ကိုလည်းကောင်း၊ ယေရှုသည် ထိုလှေထဲသို့ တပည့်တော်တို့ နှင့်အတူ ဝင်တော်မမူဘဲလျက်၊ တပည့်တော်တို့သာ သွားသည်ကိုလည်းကောင်း မြင်ကြ၍၊- မြန်မာ့စံမီသမ္မာကျမ်း သို့သော် တိဗေရိမြို့မှ အခြားလှေငယ်များသည် သခင်ဘုရားကျေးဇူးတော်ချီးမွမ်း၍ လူများမုန့်ကိုစားခဲ့ရာအရပ်အနီးသို့ ရောက်လာကြသောအခါ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုစဉ် သခင်ဘုရားက ကျေးဇူးတော်ချီးမွမ်း၍ လူတို့မုန့်ကို စားခဲ့ကြသည့် နေရာအနီးသို့ တိဗေရိမြို့မှလာသော လှေများသည် ဆိုက်ကပ်လာကြ၏။ |
မုန့်ခုနစ်လုံးနှင့် ငါးတို့ကိုလည်းယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ မုန့်နှင့်ငါးကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့လည်း လူအပေါင်းတို့အား ပေးကြ၏။-
သခင်ဘုရားသည် ထိုမိန်းမကိုမြင်လျှင် သနားခြင်းစိတ်တော်ရှိ၍၊ မငိုနှင့်ဟု မိန့်တော်မူလျက် အနီးသို့ကြွ၍ တလားကို လက်နှင့်တို့တော်မူသဖြင့်၊ ထမ်းသောသူတို့သည် ရပ်၍နေကြ၏၊-
ထိုအခါ ယောဟန်သည် မိမိတပည့်နှစ်ယောက်ကို ခေါ်ပြီးလျှင် ယေရှုထံတော်သို့စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောသူ မှန်သလော။ သို့မဟုတ် အခြားသောသူကို မျှော်လင့်ရပါမည်လောဟု မေးလျှောက်စေ၏။-
ထိုနောက်မှ ယေရှုသည် တိဗေရိအိုင်တည်းဟူသော ဂါလိလဲအိုင်ကို ကူးတော်မူ၏။-