ထိုမှတစ်ပါး၊ တပည့်တော်နှစ်ယောက်တို့သည် ယေရုရှလင်မြို့နှင့် ခရီးလေးတိုင်ကွာသော ဧမောက်အမည်ရှိသောရွာသို့ ထိုနေ့၌ သွားကြစဉ်တွင်၊-
ရှင်ယောဟန် 6:19 - မြန်မာ ခရီးတစ်တိုင်ခွဲနှစ်တိုင်လောက် တက်ခတ်၍ ရောက်သောအခါ၊ ယေရှုသည် အိုင်ပေါ်မှာ စက်တော်ဖြန့်၍ လှေအနီးသို့ချဉ်းတော်မူသည်ကို သူတို့သည်မြင်၍ ကြောက်လန့်ခြင်းရှိကြ၏။- Common Language Bible တပည့်တော်တို့သည်သုံးလေးမိုင်ခန့်လှော်ခတ် ပြီးသောအခါ သခင်ယေရှုရေပေါ်မှာစက်တော် ဖြန့်၍ မိမိတို့အနီးသို့ကြွလာသည်ကိုမြင် ကြ၏။ ထိုအခါသူတို့သည်ကြောက်လန့်ကြ၏။- Garrad Bible တစ်တိုင်ခွဲနှစ်တိုင်ခန့်တက်ခတ်၍ ရောက်ကြသော် ယေရှုသည်အိုင်ရေပေါ်တွင်စက်တော်ဖြန့်လျက် လှေအနီးကြွလာသည်ကိုမြင်၍ ကြောက်ရွံ့ကြသဖြင့်၊ Judson Bible ခရီးတစ်တိုင်ခွဲနှစ်တိုင်လောက် တက်ခတ်၍ ရောက်သောအခါ၊ ယေရှုသည် အိုင်ပေါ်မှာ စက်တော်ဖြန့်၍ လှေအနီးသို့ချဉ်းတော်မူသည်ကို သူတို့သည်မြင်၍ ကြောက်လန့်ခြင်းရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သုံးလေးမိုင်ခန့်လှော်ခတ်ပြီးသောအခါ ပင်လယ်ပေါ်တွင် ယေရှုလမ်းလျှောက်လျက် လှေအနီးသို့ချဉ်းကပ်လာသည်ကို တပည့်တော်တို့မြင်၍ ကြောက်ရွံ့ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သုံးလေးမိုင်ခန့် လှော်ခတ်ပြီးသောအခါ ယေရှုသည် ရေပေါ်တွင် လမ်းလျှောက်လျက် လှေရှိရာသို့ ကြွလာသည်ကို သူတို့ မြင်၍ ကြောက်လန့်ကြကုန်၏။ |
ထိုမှတစ်ပါး၊ တပည့်တော်နှစ်ယောက်တို့သည် ယေရုရှလင်မြို့နှင့် ခရီးလေးတိုင်ကွာသော ဧမောက်အမည်ရှိသောရွာသို့ ထိုနေ့၌ သွားကြစဉ်တွင်၊-
သူငယ်လာစဉ်ပင် နတ်ဆိုးသည် မြေပေါ်မှာလှဲ၍ တောင့်မာစေ၏။ ယေရှုသည် ညစ်ညူးသောနတ်ကို ဆုံးမ၍ ထိုသူငယ်ကို ချမ်းသာစေပြီးမှ အဘအား အပ်ပေးတော်မူ၏။-
ငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှာ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့ လာဦးမည်။-
ကိုယ်တော်ကလည်း၊ ငါပင်ဖြစ်သည်၊ မကြောက်လန့်ကြနှင့်ဟု မိန့်တော်မူလျှင်၊ လှေထဲသို့ ကိုယ်တော်ကို ဝမ်းမြောက်စွာခံယူကြ၏။-