သို့သော်လည်း ကိုယ်တော်သည်ကြွ၍ သူ့ကို ကယ်တင်ခြင်းငှာ သူ၏အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်ဟု များစွာတောင်းပန်၏။-
ရှင်ယောဟန် 4:49 - မြန်မာ သခင်၊ အကျွန်ုပ်သားမသေမီကြွတော်မူပါဟု အမတ်လျှောက်ပြန်၏။- Common Language Bible အရာရှိက ``အရှင်၊ အကျွန်ုပ်၏သားမသေမီ ကြွတော်မူပါ'' ဟုလျှောက်၏။ Garrad Bible မှူးမတ်က အရှင်ဘုရား၊ အကျွန်ုပ်၏သားမသေမီကြွတော်မူပါဟု လျှောက်သော်၊ Judson Bible သခင်၊ အကျွန်ုပ်သားမသေမီကြွတော်မူပါဟု အမတ်လျှောက်ပြန်၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုမှူးမတ်က “သခင်ဘုရား၊ အကျွန်ုပ်၏သားမသေမီ ကြွလာတော်မူပါ”ဟု လျှောက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအမတ်က “သခင်… အကျွန်ုပ်၏သား အသက်မဆုံးမီ ကြွတော်မူပါ” ဟု လျှောက်လေ၏။ |
သို့သော်လည်း ကိုယ်တော်သည်ကြွ၍ သူ့ကို ကယ်တင်ခြင်းငှာ သူ၏အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်ဟု များစွာတောင်းပန်၏။-
ယေရှုကလည်း၊ သင်တို့သည် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်သောအမှုတို့ကို မမြင်ရလျှင် ယုံခြင်းမရှိကြဟု မိန့်တော်မူသော်၊-
ယေရှုကလည်း၊ သွားလော့။ သင်၏သားသည် အသက်ချမ်းသာရပြီဟု မိန့်တော်မူ၏။ ထိုအမတ်သည် ယေရှုမိန့်တော်မူသောစကားကို ယုံ၍သွားလေ၏။-