ယုဒပြည်ဗက်လင်မြို့၌ ဟေရုဒ်မင်းကြီးလက်ထက်၊ ယေရှုသည် ဖွားမြင်ခြင်းကိုခံတော်မူပြီးမှ၊ မာဂုပညာရှိတို့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာကြလျှင်။-
ရှင်ယောဟန် 4:47 - မြန်မာ ယေရှုသည်ယုဒပြည်မှဂါလိလဲပြည်သို့ ရောက်တော်မူသည်ကို ထိုအမတ်သည်ကြားလျှင်၊ အထံတော်သို့ သွား၍ သေခါနီးဖြစ်သော မိမိသားဆီသို့ကြွ၍ အနာရောဂါကို ငြိမ်းစေတော်မူမည်အကြောင်း တောင်းပန်လေ၏။- Common Language Bible ထိုအရာရှိသည်ယုဒပြည်မှဂါလိလဲ ပြည်သို့သခင်ယေရှုကြွလာတော်မူကြောင်း ကိုကြားသဖြင့် အထံတော်သို့သွား၍သေ ခါနီးဖြစ်သော မိမိသား၏အနာရောဂါ ကိုပျောက်ကင်းစေတော်မူပါမည့်အကြောင်း လျှောက်ထား၏။- Garrad Bible ယုဒနယ်မှ ဂါလိလဲနယ်သို့ယေရှုကြွရောက်တော်မူကြောင်းကြားသော် အထံတော်သို့သွားပြီးလျှင်၊ သေအံ့ဆဲသားကို ကြွလာ၍ကျန်းမာစေတော်မူပါမည့်အကြောင်း တောင်းပန်၏။ Judson Bible ယေရှုသည်ယုဒပြည်မှဂါလိလဲပြည်သို့ ရောက်တော်မူသည်ကို ထိုအမတ်သည်ကြားလျှင်၊ အထံတော်သို့ သွား၍ သေခါနီးဖြစ်သော မိမိသားဆီသို့ကြွ၍ အနာရောဂါကို ငြိမ်းစေတော်မူမည်အကြောင်း တောင်းပန်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ယုဒနယ်မှ ဂါလိလဲနယ်သို့ ယေရှုကြွလာတော်မူကြောင်းကို ထိုမှူးမတ်သည်ကြားသောအခါ သူ၏သား သေအံ့ဆဲဆဲဖြစ်သောကြောင့် ကိုယ်တော်ထံသို့သွားပြီးလျှင် ကြွလာ၍ သား၏အနာရောဂါကို ပျောက်ကင်းစေတော်မူပါရန် တောင်းပန်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယုဒပြည်မှ ဂါလိလဲပြည်သို့ ယေရှုကြွလာတော်မူကြောင်းကို ထိုအမတ် ကြားသောအခါ ယေရှုထံတော်သို့ သွားလျက် “အကျွန်ုပ်၏သားသည် သေလုနီးပြီ။ ကပေရနောင်သို့ ကြွ၍ အကျွန်ုပ်၏သားကို ကုသပေးတော်မူပါ” ဟု တောင်းပန်လေ၏။ |
ယုဒပြည်ဗက်လင်မြို့၌ ဟေရုဒ်မင်းကြီးလက်ထက်၊ ယေရှုသည် ဖွားမြင်ခြင်းကိုခံတော်မူပြီးမှ၊ မာဂုပညာရှိတို့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာကြလျှင်။-
နာဇရက်မြို့သား ယေရှုရှိကြောင်းကို ကြားရလျှင်၊ ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။-
ထိုအခါ ယာဣရုအမည်ရှိသော တရားဇရပ်မှူးသည် လာ၍ ယေရှု၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊-
မာရိမူကားအိမ်၌ ထိုင်လျက်နေရစ်၏။ မာသက၊ သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါ။-
မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ရောက်၍ ကိုယ်တော်ကိုမြင်လျှင် ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊ သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါဟု လျှောက်၏။-
ဤနိမိတ်လက္ခဏာတော်ကား၊ ယေရှုသည် ယုဒပြည်မှ ဂါလိလဲပြည်သို့ ကြွသည်နောက်၊ ပြတော်မူသော ဒုတိယနိမိတ်လက္ခဏာ ဖြစ်သတည်း။