ထိုသူတို့သည် ထာဝရအပြစ်ဒဏ် ခံရာသို့လည်းကောင်း၊ ဖြောင့်မတ်သော သူတို့မူကား၊ ထာဝရအသက်ရှင်ရာသို့လည်းကောင်း သွားရကြလတ္တံ့ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 3:36 - မြန်မာ သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော်တည်နေသည်ဟု ယောဟန်ဟောလေ၏။ Common Language Bible သားတော်ကိုယုံကြည်သူသည်ထာဝရအသက် ကိုရ၏။ သားတော်၏စကားကိုနားမထောင်သူ မူကားအသက်ကိုမရဘဲ ဘုရားသခင်၏ အမျက်တော်သင့်သူဖြစ်လိမ့်မည်။ Garrad Bible သားတော်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရ၏။ သားတော်အားမလိုက်မနာသူမူကား ထာဝရအသက်ကိုတွေ့မြင်ခွင့်မရဘဲ ဘုရားသခင့်အမျက်တော်ဒဏ်တည်သူဖြစ်သတည်း။ Judson Bible သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော်တည်နေသည်ဟု ယောဟန်ဟောလေ၏။ မြန်မာ့စံမီသမ္မာကျမ်း သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကိုမနာခံသောသူမူကား အသက်ကိုမတွေ့မမြင်ရသည်သာမက ဘုရားသခင်၏အမျက်တော်သည် သူ့အပေါ်၌တည်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ သားတော်၏စကားကို နားမထောင်သောသူမှာမူ ထာဝရအသက်ကို မရဘဲ ဘုရားသခင်၏ အမျက်တော်သည်သာ ထိုသူအပေါ်၌ တည်နေမည်ဖြစ်၏” ဟု ဟောလေ၏။ |
ထိုသူတို့သည် ထာဝရအပြစ်ဒဏ် ခံရာသို့လည်းကောင်း၊ ဖြောင့်မတ်သော သူတို့မူကား၊ ထာဝရအသက်ရှင်ရာသို့လည်းကောင်း သွားရကြလတ္တံ့ဟု မိန့်တော်မူ၏။
ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတ္တံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတ္တံ့။-
ကိုယ်တော်၏လူ ဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှာလည်းကောင်း၊ တစ်ပါးအမျိုးသားတို့ကို လင်းစေခြင်းငှာလည်းကောင်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသော အလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့် မြင်ရပါ၏ဟု မြွက်ဆို၏။-
လူအပေါင်းတို့သည် ဘုရားသခင်၏ ကယ်တင်တော်မူခြင်းအကြောင်းကို မြင်ရကြလတ္တံ့ဟု လာသည်နှင့်အညီ၊ ယောဟန်သည် ယော်ဒန်မြစ်နား၌ အနှံ့အပြားလှည့်လည်၍ အပြစ်လွှတ်ခြင်းအဖို့အလိုငှာ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို ဟောလေ၏။
ထိုသူကိုလက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။-
ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှမနုတ်မယူရာ။-
ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။-
စပါးရိတ်သောသူသည် အခကိုခံရ၍ ထာဝရအသက်ရှင်ခြင်းအလိုငှာ အသီးအနှံကို စုသိမ်း၏။ သို့ဖြစ်လျှင် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူတို့သည် အတူဝမ်းမြောက်ကြလိမ့်မည်။-
ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရ။ သေခြင်းမှအသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။
ဤမုန့်ကား၊ ကောင်းကင်မှဆင်းသက်သော မုန့်ဖြစ်၏။ သင်တို့ဘိုးဘေးများသည် မန္နကိုစားလျက် သေရသကဲ့သို့မဟုတ်။ ဤမုန့်ကိုစားသောသူသည် အစဉ်မပြတ် အသက်ရှင်လိမ့်မည်ဟု၊-
ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့်မည်ဟု မိန့်တော်မူ၏။-