Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 4:36 - မြန်မာ

36 စ​ပါး​ရိတ်​သော​သူ​သည် အ​ခ​ကို​ခံ​ရ၍ ထာ​ဝ​ရ​အ​သက်​ရှင်​ခြင်း​အ​လို​ငှာ အ​သီး​အ​နှံ​ကို စု​သိမ်း၏။ သို့​ဖြစ်​လျှင် ပျိုး​ကြဲ​သော​သူ​နှင့် စ​ပါး​ရိတ်​သော​သူ​တို့​သည် အ​တူ​ဝမ်း​မြောက်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

36 ရိတ်​သူ​သည်​အ​ခ​ကို​ခံ​ယူ​၍​ထာ​ဝ​ရ​အ​သက် ဆိုင်​ရာ​သီး​နှံ​များ​ကို​ရိတ်​သိမ်း​၏။ သို့​ဖြစ်​၍ စိုက်​သူ​နှင့်​ရိတ်​သူ​တို့​သည် အ​တူ​တ​ကွ​ရွှင်​လန်း ဝမ်း​မြောက်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

36 ရိတ်သိမ်းရန် ဝင်းလှပြီတကား။ စိုက်သူနှင့်ရိတ်သူသည် အတူဝမ်းမြောက်ခွင့်ရအံ့သောငှါ၊ ထာဝရအသက်အဖို့ အသီးအနှံစုသွင်းလျက် အခရလေပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

36 စ​ပါး​ရိတ်​သော​သူ​သည် အ​ခ​ကို​ခံ​ရ၍ ထာ​ဝ​ရ​အ​သက်​ရှင်​ခြင်း​အ​လို​ငှာ အ​သီး​အ​နှံ​ကို စု​သိမ်း၏။ သို့​ဖြစ်​လျှင် ပျိုး​ကြဲ​သော​သူ​နှင့် စ​ပါး​ရိတ်​သော​သူ​တို့​သည် အ​တူ​ဝမ်း​မြောက်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

36 မျိုးကြဲ​သော​သူ​နှင့်​ရိတ်သိမ်း​သော​သူ​သည် အတူတကွ​ဝမ်းမြောက်​ကြ​မည့်​အကြောင်း ရိတ်သိမ်း​သော​သူ​သည် ဆုလာဘ်​ကို​ရရှိ​လျက် ထာဝရ​အသက်​အတွက် အသီးအနှံ​ကို​စုသိမ်း​နှင့်​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

36 ရိတ်သိမ်းသူ​သည် လုပ်အားခ​ကို ရ၏။ သူ​သည် ထာဝရ​အသက်​အတွက် သီးနှံတို့​ကို ရိတ်သိမ်း၏။ ထို့ကြောင့် စိုက်ပျိုးသူ​နှင့် ရိတ်သိမ်းသူ​တို့​သည် အတူတကွ ဝမ်းမြောက်ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 4:36
20 ပူးပေါင်းရင်းမြစ်များ  

အ​ကြင်​သူ​သည် ငါ၏​နာ​မ​ကြောင့် အိမ်၊ လယ်၊ ညီ​အစ်​ကို၊ နှ​မ၊ မိ​ဘ၊ သား​မ​ယား​တည်း​ဟူ​သော တစ်​ပါး​ပါး​ကို​စွန့်၏။ ထို​သူ​သည် အ​ဆ​တစ်​ရာ သော​အ​ကျိုး​ကို ရ၍ ထာ​ဝ​ရ​အ​သက်​ကို အ​မွေ​ခံ​ရ​လ​တ္တံ့။-


သား​တော်​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ၏။ သား​တော်​ကို ပယ်​သော​သူ​မူ​ကား အ​သက်​ကို မ​တွေ့​ရ။ ထို​သူ၏​အ​ပေါ်၌ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​တည်​နေ​သည်​ဟု ယော​ဟန်​ဟော​လေ၏။


ငါ​ပေး​သော​ရေ​ကို သောက်​သော​သူ​မူ​ကား၊ ရေ​ငတ်​ခြင်း​နှင့်​အ​စဉ်​မ​ပြတ် ကင်း​လွတ်​လိမ့်​မည်။ ငါ​ပေး​သော​ရေ​သည် ထို​သူ၌ ထာ​ဝ​ရ​အ​သက်​ရှင်​ခြင်း​အ​လို​ငှာ ထွက်​သော​စမ်း​ရေ​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​စ​ကား​ကို နား​ထောင်၍ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို ရ​သည်​ဖြစ်၍ အ​ပြစ်​စီ​ရင်​ခြင်း​ကို​မ​ခံ​ရ။ သေ​ခြင်း​မှ​အ​သက်​ရှင်​ခြင်း​သို့ ကူး​မြောက်​သော​သူ​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ