ယေရှုကလည်း၊ ဤရေအိုးတို့ကိုရေဖြည့်ကြဟု အစေခံတို့အား မိန့်တော်မူလျှင်၊ ထိုသူတို့သည် လျှံမတတ်ဖြည့်ကြ၏။-
ရှင်ယောဟန် 2:8 - မြန်မာ ယခုခပ်၍ ပွဲအုပ်ထံသို့သွင်းကြလော့ဟု မိန့်တော်မူသည်အတိုင်း သွင်းကြ၏။- Common Language Bible ထိုနောက်ကိုယ်တော်က ``ဤအိုးများမှရေ အနည်းငယ်ကိုခပ်၍ပွဲအုပ်ထံယူသွားကြ လော့'' ဟုမိန့်တော်မူသည့်အတိုင်းအစေခံ တို့သည်ယူသွားကြ၏။- Garrad Bible ကိုယ်တော်က၊ ယခုခပ်ယူ၍ပွဲအုပ်ထံသွင်းကြလော့ဟုမိန့်တော်မူသော် ယူသွင်းကြ၏။ Judson Bible ယခုခပ်၍ ပွဲအုပ်ထံသို့သွင်းကြလော့ဟု မိန့်တော်မူသည်အတိုင်း သွင်းကြ၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန်“ယခုခပ်၍ ပွဲအုပ်ထံသို့ယူသွားကြလော့”ဟု မိန့်တော်မူသည့်အတိုင်း သူတို့သည်ယူသွားကြရာ ခေတ်သစ်မြန်မာ သမ္မာကျမ်း ရေပြည့်သောအခါ ယေရှုက “အနည်းငယ်ကို ခပ်ယူ၍ ပွဲအုပ်ထံသို့ ယူသွားကြလော့” ဟု မိန့်တော်မူ၏။ သူတို့သည်လည်း ပွဲအုပ်ထံသို့ ယူသွားကြ၏။ |
ယေရှုကလည်း၊ ဤရေအိုးတို့ကိုရေဖြည့်ကြဟု အစေခံတို့အား မိန့်တော်မူလျှင်၊ ထိုသူတို့သည် လျှံမတတ်ဖြည့်ကြ၏။-
ပွဲအုပ်သည် စပျစ်ရည်ဖြစ်စေသောရေကို မြည်းစမ်း၍၊ ထိုရေကို ခပ်သောအစေခံတို့သည် စပျစ်ရည်ကို အဘယ်မှာရသည်ကိုသိသော်လည်း၊ ပွဲအုပ်သည် မသိသောကြောင့်၊ မင်္ဂလာဆောင်လုလင်အား အသံကိုလွှင့်၍၊-