ယေရှုသည် ဗိမာန်တော်မှ ထွက်ကြွတော်မူသည်ရှိသော်၊ တပည့်တော်တို့သည် ဗိမာန်တော်၏ တိုက်ဆောင်များကို ပြခြင်းငှာ အထံတော်သို့ ချဉ်းကပ်ကြ၏။-
ရှင်ယောဟန် 2:20 - မြန်မာ ယုဒလူတို့က၊ အနှစ်လေးဆယ်ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကို တည်ဆောက်ရကြ၏။ သင်မူကား၊ သုံးရက်တည်းနှင့် တည်ဆောက်မည်လောဟု ဆိုကြ၏။- Common Language Bible ယုဒအမျိုးသားတို့က ``ဤဗိမာန်တော် ကိုလေးဆယ့်ခြောက်နှစ်တိုင်တိုင်တည်ဆောက် ခဲ့ရ၏။ သင်ကသုံးရက်နှင့်ပြန်လည်တည် ဆောက်ပါမည်လော'' ဟုမေးကြ၏။ Garrad Bible ယုဒလူမျိုးတို့က လေးဆယ့်ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကိုတည်ဆောက်ရ၏။ သင်မူကား၊ သုံးရက်နှင့်တည်ဦးမည်လောဟု ဆိုကြ၏။ Judson Bible ယုဒလူတို့က၊ အနှစ်လေးဆယ်ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကို တည်ဆောက်ရကြ၏။ သင်မူကား၊ သုံးရက်တည်းနှင့် တည်ဆောက်မည်လောဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဂျူးလူမျိုးတို့ကလည်း “ဤဗိမာန်တော်ကိုတည်ဆောက်ရန် လေးဆယ့်ခြောက်နှစ်ကြာ၏။ သင်မူကား ၎င်းကို သုံးရက်အတွင်းတည်ဆောက်မည်လော”ဟု ဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ဂျူးခေါင်းဆောင်တို့က “ဤဗိမာန်တော်ကို နှစ်ပေါင်းလေးဆယ့်ခြောက်နှစ်ပတ်လုံး တည်ဆောက်ခဲ့ရ၏။ သင်သည် သုံးရက်အတွင်း တည်ဆောက်မည်လော” ဟု ဆိုကြ၏။ |
ယေရှုသည် ဗိမာန်တော်မှ ထွက်ကြွတော်မူသည်ရှိသော်၊ တပည့်တော်တို့သည် ဗိမာန်တော်၏ တိုက်ဆောင်များကို ပြခြင်းငှာ အထံတော်သို့ ချဉ်းကပ်ကြ၏။-
လူအချို့တို့သည် လာ၍ ဗိမာန်တော်သည် တင့်တယ်သော ကျောက်ပြားနှင့်လည်းကောင်း၊ ပူဇော်သကာများနှင့်လည်းကောင်း ဆင်ပြင်လျက် ရှိပါ၏ဟု လျှောက်ကြလျှင်၊-
ယုဒလူတို့က၊ သင်သည်အဘယ်သူနည်းဟု ယောဟန်ကိုမေးမြန်းစေခြင်းငှာ ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ကို ယေရုရှလင်မြို့မှ စေလွှတ်သောအခါ၊ ယောဟန်သည် သက်သေခံလေသည်မှာ၊-