ထိုမှတစ်ပါး တရားပလ္လင်ပေါ်မှာ ထိုင်စဉ်တွင်၊ မိမိခင်ပွန်းသည် လုလင်တစ်ယောက်ကို စေလွှတ်၍၊ ထိုဖြောင့်မတ်သောသူကို အဘယ်သို့မျှ မပြုပါနှင့်။ ယနေ့ပင် ကျွန်မသည် ထိုသူကြောင့် အိပ်မက်၌ ပြင်းစွာခံရပါပြီဟု မှာလိုက်၏။-
ရှင်ယောဟန် 19:13 - မြန်မာ ထိုစကားကိုကြားလျှင် ပိလတ်မင်းသည် ယေရှုကိုပြင်သို့ထုတ်ပြီးမှ၊ ဟေဗြဲစကားအားဖြင့် ဂဗ္ဗသအမည်ရှိ၍ ကျောက်ခင်းဟုခေါ်ဝေါ်သောအရပ်၌ တရားပလ္လင်ပေါ်မှာထိုင်လေ၏။- Common Language Bible ဤစကားကိုကြားသောအခါပိလတ်မင်း သည်သခင်ယေရှုကိုအပြင်သို့ထုတ်ဆောင် ခဲ့ပြီးလျှင် ကျောက်ပြားစင်္ကြံပေါ်ရှိတရား ခွင်တွင်ထိုင်လေ၏။ (ထိုစင်္ကြံကိုဟေဗြဲ ဘာသာဖြင့်ဂဗ္ဗသဟုခေါ်၏။)- Garrad Bible ထိုစကားကို ပိလတ်မင်းကြားသော် ယေရှုကိုထုတ်ပြ၍ ဟေဗြဲဘာသာဖြင့်ဂဗ္ဗသအမည်တွင်လျက် ကျောက်ခင်းခေါ်ဌာနရှိတရားခွင်တွင်၊ Judson Bible ထိုစကားကိုကြားလျှင် ပိလတ်မင်းသည် ယေရှုကိုပြင်သို့ထုတ်ပြီးမှ၊ ဟေဗြဲစကားအားဖြင့် ဂဗ္ဗသအမည်ရှိ၍ ကျောက်ခင်းဟုခေါ်ဝေါ်သောအရပ်၌ တရားပလ္လင်ပေါ်မှာထိုင်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ပိလတ်မင်းသည် ထိုစကားတို့ကိုကြားသောအခါ ယေရှုကို အပြင်သို့ခေါ်ဆောင်လာ၍ ဟေဗြဲဘာသာစကားအားဖြင့် ဂဗ္ဗသအမည်ရှိသည့် ကျောက်ခင်းစင်္ကြံဟုခေါ်ဝေါ်သောနေရာမှ တရားပလ္လင်ပေါ်တွင် ထိုင်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုစကားကို ကြားသောအခါ ပိလတ်မင်းသည် ယေရှုကို သူတို့ရှေ့၌ ပြန်လည်ခေါ်ထုတ်၍ ကျောက်ပြားခင်းထားသောဝင်းဟု ခေါ်သည့် နေရာ၌ ရှိသောတရားခွင်တွင် ထိုင်လေ၏။ ထိုစင်္ကြံကို ဟေဗြဲဘာသာဖြင့် “ဂဗ္ဗသ” ဟု ခေါ်ဆို၏။ |
ထိုမှတစ်ပါး တရားပလ္လင်ပေါ်မှာ ထိုင်စဉ်တွင်၊ မိမိခင်ပွန်းသည် လုလင်တစ်ယောက်ကို စေလွှတ်၍၊ ထိုဖြောင့်မတ်သောသူကို အဘယ်သို့မျှ မပြုပါနှင့်။ ယနေ့ပင် ကျွန်မသည် ထိုသူကြောင့် အိပ်မက်၌ ပြင်းစွာခံရပါပြီဟု မှာလိုက်၏။-
အဘယ်သူကို ကြောက်ရမည်နည်းဟူမူကား၊ ကိုယ်ခန္ဓာကိုသတ်ပြီးမှ ငရဲထဲသို့ ချနိုင်သောသူကို ကြောက်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ထိုသူကို ကြောက်ကြလော့။-
ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကိုထမ်းလျက် ဦးခေါင်းခွံအရပ်ဟူ၍ တွင်သောအရပ်သို့ ထွက်တော်မူ၏။ ထိုအရပ်ကား၊ ဟေဗြဲစကားအားဖြင့် ဂေါလဂေါသအမည်ရှိ၏။-
ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်သည် မြို့နှင့်နီးသည်ဖြစ်၍၊ ထိုလိပ်စာကို ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့် ရေးထားသောကြောင့် ယုဒလူများတို့သည် ဖတ်ကြ၏။-
ထိုစကားကိုကြားလျှင် ပိလတ်မင်းသည်သာ၍ ကြောက်သဖြင့်၊ အိမ်တော်ဦးထဲသို့ ဝင်ပြန်၍၊-
ယေရုရှလင်မြို့၌ သိုးတံခါးနားမှာ ဟေဗြဲဘာသာစကားအားဖြင့် ဗေသေသဒအမည်ရှိသော ရေကန်ရှိ၏။ ထိုရေကန်သည် ကနားပြင်ငါးဆောင်နှင့် ပြည့်စုံ၏။-