ပသခါပွဲ၌ လူတစ်ယောက်ကို သင်တို့အား ငါလွှတ်မြဲထုံးစံရှိသည်ဖြစ်၍၊ ယုဒရှင်ဘုရင်ကို လွှတ်စေချင်သလောဟု မေးလျှင်၊-
ရှင်ယောဟန် 19:10 - မြန်မာ ပိလတ်မင်းကလည်း၊ ငါနှင့်စကားမပြောသလော။ ငါသည် သင့်ကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပိုင်သည်ကိုလည်းကောင်း၊ လွှတ်ပိုင်သည်ကိုလည်းကောင်း၊ သင်မသိလောဟုဆိုသော်၊- Common Language Bible ပိလတ်မင်းက ``သင်သည်ငါနှင့်စကားပြော ရန်ငြင်းဆန်နေပါသလော။ ငါသည်သင့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပိုင်သည်ကိုလည်း ကောင်း၊ လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပိုင် သည်ကိုလည်းကောင်းသင်မသိပါသလော'' ဟုမေး၏။ Garrad Bible သို့ဖြစ်၍ပိလတ်မင်းက ငါ့ကိုမပြောမဆိုနေသလော။ ငါသည်သင့်ကိုလွှတ်ပိုင်ခွင့်အာဏာ၊ ကားတင်ပိုင်ခွင့်အာဏာရှိကြောင်း မသိလောဟုမေးသော်၊ Judson Bible ပိလတ်မင်းကလည်း၊ ငါနှင့်စကားမပြောသလော။ ငါသည် သင့်ကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပိုင်သည်ကိုလည်းကောင်း၊ လွှတ်ပိုင်သည်ကိုလည်းကောင်း၊ သင်မသိလောဟုဆိုသော်၊- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ပိလတ်မင်းက “သင်သည် ငါ့ကိုစကားမပြောဘဲနေသလော။ ငါ၌ သင့်ကို လွှတ်ပေးနိုင်သောအခွင့်အာဏာရှိ၍ လက်ဝါးကပ်တိုင်ပေါ်၌တင်နိုင်သော အခွင့်အာဏာလည်းရှိသည်ကို သင်မသိသလော”ဟု ဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပိလတ်မင်းက “သင်သည် ငါ့ကို အဘယ်ကြောင့် စကားမပြောဘဲ နေသနည်း။ သင့်ကို ငါလွတ်ပေးနိုင်သော အခွင့်အာဏာရှိသည်ကိုလည်းကောင်း၊ လက်ဝါးကပ်တိုင်တွင် သတ်စေနိုင်သော အခွင့်အာဏာရှိသည်ကိုလည်းကောင်း သင်မသိသလော” ဟု မေး၏။ |
ပသခါပွဲ၌ လူတစ်ယောက်ကို သင်တို့အား ငါလွှတ်မြဲထုံးစံရှိသည်ဖြစ်၍၊ ယုဒရှင်ဘုရင်ကို လွှတ်စေချင်သလောဟု မေးလျှင်၊-
အထက်အရပ်မှ အခွင့်ကိုမရလျှင် မင်းကြီးသည် ငါ့ကိုအဘယ်သို့မျှမပြုပိုင်။ ထိုကြောင့်ငါ့ကို မင်းကြီးလက်သို့ အပ်နှံသောသူသည် သာ၍ ကြီးသောအပြစ်ရှိသည်ဟု မိန့်တော်မူ၏။-
ယေရှုအား၊ သင်သည် အဘယ်ကဖြစ်သနည်းဟုမေးလျှင်၊ တစ်ခွန်းကိုမျှ ပြန်တော်မမူ၊-