Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 19:11 - မြန်မာ

11 အ​ထက်​အ​ရပ်​မှ အ​ခွင့်​ကို​မ​ရ​လျှင် မင်း​ကြီး​သည် ငါ့​ကို​အ​ဘယ်​သို့​မျှ​မ​ပြု​ပိုင်။ ထို​ကြောင့်​ငါ့​ကို မင်း​ကြီး​လက်​သို့ အပ်​နှံ​သော​သူ​သည် သာ၍ ကြီး​သော​အ​ပြစ်​ရှိ​သည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 သ​ခင်​ယေ​ရှု​က ``မင်း​ကြီး​အား​ဘု​ရား​သ​ခင် အပ်​နှင်း​၍​သာ​ဤ​သို့​သော​အ​ခွင့်​အာ​ဏာ​ကို ခံ​ယူ​ရ​ရှိ​သည်။ ထို့​ကြောင့်​အ​ကျွန်ုပ်​အား​မင်း ကြီး​၏​လက်​သို့​အပ်​နှံ​သူ​သည်​ပို​၍​အ​ပြစ် ကြီး​၏'' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ယေရှုက ထိုအခွင့်ကိုအထက်မှပေးသည်မဟုတ်လျှင် သင်သည်ငါ့အပေါ်တွင် အလျှင်းအာဏာရမည်မဟုတ်။ ထို့ကြောင့် သင့်ထံငါ့ကိုပို့အပ်သူ၌ သာ၍အပြစ်ကြီးသည်ဟုမိန့်ပြန်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 အ​ထက်​အ​ရပ်​မှ အ​ခွင့်​ကို​မ​ရ​လျှင် မင်း​ကြီး​သည် ငါ့​ကို​အ​ဘယ်​သို့​မျှ​မ​ပြု​ပိုင်။ ထို​ကြောင့်​ငါ့​ကို မင်း​ကြီး​လက်​သို့ အပ်​နှံ​သော​သူ​သည် သာ၍ ကြီး​သော​အ​ပြစ်​ရှိ​သည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ယေရှု​က“အထက်​အရပ်​မှ​ပေးအပ်​တော်​မ​မူ​လျှင် သင်​သည် ငါ့​အပေါ် မည်သည့်​အခွင့်​အာဏာ​မျှ​မ​ရှိ။ ထို့ကြောင့် ငါ့​ကို သင့်​လက်​သို့​အပ်နှံ​သော​သူ​၌ ပို၍​ကြီးလေး​သော​အပြစ်​ရှိ​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ထိုအခါ ယေရှု​က “သင့်​ကို ဘုရားသခင် အခွင့်မပေး​လျှင် သင်​သည် ငါ့​ကို မည်သို့​မျှ မပြုနိုင်။ ထို့ကြောင့် ငါ့​ကို သင့်​ထံ အပ်နှံသော​သူ​သည် ပို​၍ အပြစ်ကြီး၏” ဟု ဖြေတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 19:11
37 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်​လျက် ဤ​သူ​သည် ဘု​ရား​ကို​လွန်​ကျူး၍ ပြော​ပြီ။ အ​ဘယ်​သက်​သေ​ကို​လို​သေး သ​နည်း။ ဘု​ရား​ကို​လွန်​ကျူး၍​ပြော​သော​စ​ကား​ကို ယ​ခု​ပင် သင်​တို့ ကြား​ရ​ပြီ။-


ကိုယ်​တော်​ကို ချည်​နှောင်​ပြီး​လျှင် မြို့​ဝန်​မင်း ပု​န္တိ​ပိ​လတ်​ထံ​သို့ ဆောင်​သွား၍ အပ်​လိုက်​ကြ၏။-


အ​ပြစ်​သွေး​ဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ဘဲ၊ မ​ကောင်း​သော​အ​မှု​အ​ရာ​မှ​လည်း ကယ်​နုတ်​တော်​မူ​ပါ။ အ​စိုး​ပိုင်​သော​အ​ခွင့်​နှင့် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​သည် က​မ္ဘာ​အ​ဆက်​ဆက် ကိုယ်​တော်၌​ရှိ​ပါ၏။ အာ​မင် ဟု ဆု​တောင်း​ကြ​လော့။-


ကိုယ်​တော်​ကို အပ်​နှံ​သော​သူ​က၊ ငါ​နမ်း​သော​သူ​သည် ယေ​ရှု​ပင်​ဖြစ်၏။ သူ့​ကို​ဖမ်း၍ လုံ​ခြုံ​စွာ ဆောင်​သွား​ကြ​ဟု ထို​သူ​တို့​အား အ​မှတ်​ပေး​ခဲ့​သည်​အ​တိုင်း၊-


ငါ​သည် ဗိ​မာန်​တော်၌ သင်​တို့​နှင့်​အ​တူ ရှိ​နေ​စဉ်​အ​ခါ သင်​တို့​သည် ငါ့​ကို မ​ဖမ်း​မ​ဆီး​ကြ။ သို့​သော်​လည်း ယ​ခု​အ​ချိန်​ကား သင်​တို့​အ​ချိန်​ဖြစ်၏။ မှောင်​မိုက်​တန်​ခိုး​လည်း​ဖြစ်၏​ဟု မိန့်​တော်​မူ၏။


အ​န္နတ်​မင်း​ကား၊ ထို​နှစ်​တွင် ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သော က​ယာ​ဖ၏​ယော​က္ခ​မ ဖြစ်​သ​တည်း။-


စစ်​သူ​ရဲ​တစ်​တပ်​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရာ​ဟိတ်​အ​ကြီး​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​စေ​လွှတ်​သော မင်း​လု​လင်​တို့​ကို​လည်း​ကောင်း ခေါ်​ခဲ့၍၊ မီး​အိမ်၊ မီး​ရှူး၊ လက်​နက်​တို့​ကို လက်​စွဲ​လျက်​လာ​ကြ၏။-


ပိ​လတ်​မင်း​က​လည်း၊ ငါ​နှင့်​စ​ကား​မ​ပြော​သ​လော။ ငါ​သည် သင့်​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပိုင်​သည်​ကို​လည်း​ကောင်း၊ လွှတ်​ပိုင်​သည်​ကို​လည်း​ကောင်း၊ သင်​မ​သိ​လော​ဟု​ဆို​သော်၊-


ယော​ဟန်​က၊ ကောင်း​ကင်​ဘုံ​မှ ပေး​တော်​မ​မူ​လျှင် လူ​သည် အ​ဘယ်​အ​ရာ​ကို​မျှ မ​ခံ​နိုင်​ရာ။ ငါ​သည် ခ​ရစ်​တော်​မ​ဟုတ်။-


ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​အ​ခွင့်​ကို ရှာ​ကြ၏။ သို့​သော်​လည်း ကိုယ်​တော်၏​အ​ချိန်​မ​စေ့ မ​ရောက်​သေး​သော​ကြောင့် အ​ဘယ်​သူ​မျှ မ​ဖမ်း​မ​ဆီး​ကြ။-


ယေ​ရှု​က​လည်း၊ သင်​တို့​သည် မျက်​စိ​ကန်း​သည်​မှန်​လျှင် အ​ပြစ်​မ​ရှိ၊ ငါ​တို့​မျက်​စိ​မြင်​သည်​ဟု ယ​ခု ဆို​ကြ၏။ ထို​ကြောင့် သင်​တို့၌​အ​ပြစ်​တည်​သည်​ဟု မိန့်​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ