လူသားအား ပြက်ရယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ပြုစေခြင်းငှာ တစ်ပါးအမျိုးသားတို့ လက်သို့ အပ်နှံကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 19:1 - မြန်မာ ထိုအခါ ပိလတ်မင်းသည် ယေရှုကိုယူ၍ရိုက်ပြီးမှ၊- Common Language Bible ထိုနောက်ပိလတ်မင်းသည်သခင်ယေရှုကို ခေါ်သွားစေပြီးလျှင်ကြိမ်ဒဏ်ခတ်စေ၏။- Garrad Bible ထိုအခါ ပိလတ်မင်းသည် ယေရှုကိုခေါ်၍ရိုက်ဒဏ်ခတ်၏။ Judson Bible ထိုအခါ ပိလတ်မင်းသည် ယေရှုကိုယူ၍ရိုက်ပြီးမှ၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပိလတ်မင်းသည် ယေရှုကိုထုတ်ဆောင်၍ ဒဏ်ခတ်ရိုက်နှက်စေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ပိလတ်မင်းသည် ယေရှုကို ကျာပွတ်ဖြင့် ပြင်းထန်စွာ ရိုက်နှက်စေ၏။ |
လူသားအား ပြက်ရယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ပြုစေခြင်းငှာ တစ်ပါးအမျိုးသားတို့ လက်သို့ အပ်နှံကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။
ထိုကြောင့် ဗျာဒိတ်တော်အချက် ဟူမူကား ပရောဖက်ပညာရှိ ကျမ်းပြုဆရာတို့ကို သင်တို့ရှိရာသို့ ငါစေလွှတ်၏။ ထိုသူအချို့တို့ကို ကွပ်မျက်၍ လက်ဝါးကပ်တိုင်၌ သတ်ကြလိမ့်မည်။ အချို့တို့ကို တရားဇရပ်၌ ရိုက်၍ တစ်မြို့မှ တစ်မြို့သို့ ညှဉ်းဆဲနှင်ထုတ်ကြလိမ့်မည်။-
သူတို့သည် လူသားကိုရိုက်ပုတ်၍ သတ်ကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။-
လူများတို့သည် ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှာ ကြီးစွာသောအသံနှင့် ကျပ်ကျပ်တောင်းသဖြင့်၊ သူတို့၏အသံနှင့် ယဇ်ပုရောဟိတ်အကြီးတို့၏ အသံသည် နိုင်လေ၏။-