ပိလတ်မင်းသည် အိမ်တော်ဦးထဲသို့ တစ်ဖန်ဝင်၍ယေရှုကိုခေါ်ပြီးလျှင်၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟုမေး၏။-
ရှင်ယောဟန် 18:34 - မြန်မာ ယေရှုကလည်း၊ မင်းကြီးသည် ကိုယ်အလိုအလျောက် ဤသို့မေးသလော၊ သို့မဟုတ် သူတစ်ပါးတို့သည် ငါ၏အကြောင်းကို လျှောက်ကြပြီလောဟု မေးတော်မူ၏။- Common Language Bible သခင်ယေရှုက ``ဤမေးခွန်းကို မင်းကြီး အလိုအလျောက်မေးပါသလော။ သို့မဟုတ် ငါ၏အကြောင်းကို သူတစ်ပါးတို့လျှောက် ထားကြပြီလော'' ဟုမေးတော်မူ၏။ Garrad Bible ယေရှုက သင့်အလိုအလျောက်ဤသို့မေးသလော။ ငါ့အကြောင်းကိုသူတစ်ထူးတို့ လျှောက်ကြသောကြောင့်လောဟု ပြန်၍မေးတော်မူရာ၊ Judson Bible ယေရှုကလည်း၊ မင်းကြီးသည် ကိုယ်အလိုအလျောက် ဤသို့မေးသလော၊ သို့မဟုတ် သူတစ်ပါးတို့သည် ငါ၏အကြောင်းကို လျှောက်ကြပြီလောဟု မေးတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုက“သင်သည် ကိုယ့်ဆန္ဒအလျောက် ဤသို့မေးသလော၊ သို့မဟုတ် အခြားသောသူတို့သည် သင့်အား ငါ့အကြောင်းကို ပြောကြသလော”ဟု ပြန်၍မေးတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “သင်သည် မိမိဆန္ဒအလျောက် ဤသို့မေးသလော။ သို့မဟုတ် အခြားသူတို့သည် ငါ့အကြောင်းကို သင့်အား ပြောကြသလော” ဟု မေးတော်မူ၏။ |
ပိလတ်မင်းသည် အိမ်တော်ဦးထဲသို့ တစ်ဖန်ဝင်၍ယေရှုကိုခေါ်ပြီးလျှင်၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟုမေး၏။-
ပိလတ်မင်းက၊ ငါသည်ယုဒလူဖြစ်သလော။ သင်၏လူမျိုးနှင့်တကွ ယဇ်ပုရောဟိတ်အကြီးတို့သည် သင့်ကိုငါ၌အပ်ကြပြီ။ သင်သည် အဘယ်သို့ပြုမိသနည်းဟု မေးလျှင်၊-
ယေရှုအား၊ သင်သည် အဘယ်ကဖြစ်သနည်းဟုမေးလျှင်၊ တစ်ခွန်းကိုမျှ ပြန်တော်မမူ၊-