ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညတွင် ကြက်မတွန်မီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊-
ရှင်ယောဟန် 18:27 - မြန်မာ ပေတရုသည် တစ်ဖန် ငြင်းပြန်လေ၏၊ ထိုခဏချင်းတွင် ကြက်တွန်၏။ Common Language Bible ပေတရုက ``ငါမဟုတ်'' ဟုတစ်ဖန်ငြင်း ဆို၏။ ထိုခဏချင်းတွင်ကြက်တွန်လေ၏။ Garrad Bible ပေတရုငြင်းဆိုပြန်သည်နှင့်တစ်ပြိုင်နက် ကြက်တွန်လေ၏။ Judson Bible ပေတရုသည် တစ်ဖန် ငြင်းပြန်လေ၏၊ ထိုခဏချင်းတွင် ကြက်တွန်၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပေတရုသည် ပြန်၍ငြင်းဆိုသည်နှင့် ချက်ချင်းပင် ကြက်တွန်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေတရုကလည်း ထပ်မံ၍ ငြင်းဆိုပြန်၏။ ထိုခဏချင်းတွင် ကြက်တွန်လေ၏။ |
ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညတွင် ကြက်မတွန်မီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊-
ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညတွင်ပင် ကြက်သည်နှစ်ကြိမ်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊-
ပေတရုက၊ သင်ပြောသောအရာကို ငါမသိ၊ နားမလည်ဟု ငြင်းခုံပြီးမှ အိမ်ဦးရှေ့သို့ထွက်သော် ကြက်တွန်လေ၏။-
သခင်ဘုရားက၊ ပေတရု၊ ငါဆိုသည်ကား၊ ယနေ့တွင် ကြက်မတွန်မီ သင်သည် ငါ့ကိုမသိဟု သုံးကြိမ်မြောက်အောင် ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။
ယေရှုက၊ ငါ့အဖို့ သင့်အသက်ကိုစွန့်မည်လော။ ငါအမှန်အကန်ဆိုသည်ကား၊ ကြက်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။