အကျွန်ုပ်၏သားကို ကယ်မသနားတော်မူပါ။ ဝက်ရူးနာစွဲ၍ ပြင်းစွာခံစားရပါ၏။ မီး၌လည်းကောင်း၊ ရေ၌လည်းကောင်း အကြိမ်ကြိမ် လဲတတ်ပါ၏။-
ရှင်ယောဟန် 18:2 - မြန်မာ ထိုအရပ်သို့ယေရှုသည် တပည့်တော်တို့နှင့်အတူ သွားမြဲရှိသောကြောင့်၊ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်သည် ထိုအရပ်ကိုသိသည်ဖြစ်၍၊- Common Language Bible ထိုနေရာသို့သခင်ယေရှုနှင့်တပည့်တော်တို့ သည်မကြာခဏသွားလေ့ရှိသဖြင့် သစ္စာဖောက် ယုဒသည်ထိုဥယျာဉ်ကိုသိ၏။- Garrad Bible ၎င်းဥယျာဉ်တွင် ယေရှုသည်တပည့်တော်တို့နှင့် အဖန်ဖန်တွေ့ဆုံတော်မူတတ်သောကြောင့် ကိုယ်တော်ကိုပို့အပ်သူယုဒလည်း ထိုအရပ်ကိုသိသည်နှင့်အညီ၊ Judson Bible ထိုအရပ်သို့ယေရှုသည် တပည့်တော်တို့နှင့်အတူ သွားမြဲရှိသောကြောင့်၊ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်သည် ထိုအရပ်ကိုသိသည်ဖြစ်၍၊- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ထိုအရပ်တွင် တပည့်တော်တို့နှင့် မကြာခဏစုဝေးလေ့ရှိသောကြောင့် ကိုယ်တော်ကိုအပ်နှံမည့်သူ ယုဒသည်လည်း ထိုအရပ်ကိုသိထား၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုဥယျာဉ်သို့ ယေရှုသည် တပည့်တော်တို့နှင့်အတူ မကြာခဏသွားလေ့ရှိသဖြင့် ယေရှုကို သစ္စာဖောက်သောယုဒသည် ထိုနေရာကို သိ၏။ |
အကျွန်ုပ်၏သားကို ကယ်မသနားတော်မူပါ။ ဝက်ရူးနာစွဲ၍ ပြင်းစွာခံစားရပါ၏။ မီး၌လည်းကောင်း၊ ရေ၌လည်းကောင်း အကြိမ်ကြိမ် လဲတတ်ပါ၏။-
ထိုသို့ ကိုယ်တော်သည် နေ့ရက်အစဉ်အတိုင်း ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူ၏။ ညအချိန်ရောက်လျှင် သံလွင်အမည်ရှိသောတောင်သို့ သွား၍ ညကို လွန်စေတော်မူ၏။-
ထိုနောက် အလေ့တော်ရှိသည်အတိုင်း သံလွင်တောင်သို့ ထွက်ကြွတော်မူ၍၊ တပည့်တော်တို့သည် နောက်တော်သို့ လိုက်ကြ၏။-