ကိုယ်တော်ကလည်း၊ ပရောဖက်ဟောပြောသောစကားများကို ယုံနိုင်အောင် ဉာဏ်မရှိ၊ စိတ်ခိုင်မာသောသူတို့၊-
ရှင်ယောဟန် 16:18 - မြန်မာ ခဏဟူ၍မိန့်တော်မူသော် အဘယ်သို့ဆိုလိုသနည်း။ မိန့်တော်မူသောစကားကို အကျွန်ုပ်တို့သည် နားမလည်ဟု အချင်းချင်းပြောဆိုကြ၏။- Common Language Bible `အချိန်အနည်းငယ်ကြာလျှင်' ဆိုသည်ကား အဘယ်သို့ဆိုလိုသနည်း။ အဘယ်အမှု အရာအကြောင်းကိုယ်တော်မိန့်မြွက်တော် မူသည်ကိုငါတို့မသိ'' ဟုအချင်းချင်း ပြောဆိုကြ၏။ Garrad Bible ခဏမျှကြာသော်ဟူ၍မိန့်ဆိုရာ၌ မည်သို့ဆိုလိုတော်မူသနည်း။ ဟောတော်မူရာကိုငါတို့မသိဟု အချင်းချင်းပြောဆိုကြရာ၊ Judson Bible ခဏဟူ၍မိန့်တော်မူသော် အဘယ်သို့ဆိုလိုသနည်း။ မိန့်တော်မူသောစကားကို အကျွန်ုပ်တို့သည် နားမလည်ဟု အချင်းချင်းပြောဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် သူတို့က “‘ခဏကြာလျှင်’ဟူ၍ မိန့်တော်မူသောဤစကားမှာ မည်သို့နည်း။ ကိုယ်တော်မိန့်တော်မူသောအရာကို ငါတို့နားမလည်ကြ”ဟု ပြောဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် ‘မကြာမီ အချိန်တွင်’ ဟူသော စကား၏အဓိပ္ပာယ်မှာ မည်သို့နည်း။ ယေရှုမိန့်တော်မူသောစကားတို့သည် မည်သည့်အရာကို ဆိုလိုကြောင်း ငါတို့မသိ” ဟု အချင်းချင်းပြောဆိုကြ၏။ |
ကိုယ်တော်ကလည်း၊ ပရောဖက်ဟောပြောသောစကားများကို ယုံနိုင်အောင် ဉာဏ်မရှိ၊ စိတ်ခိုင်မာသောသူတို့၊-
တပည့်တော်အချို့ကလည်း၊ ခဏကြာပြီးမှ သင်တို့သည်ငါ့ကို မမြင်ရကြ။ တစ်ဖန် ခဏကြာပြီးမှ ငါ့ကို မြင်ပြန်ကြလိမ့်မည်ဟူ၍လည်းကောင်း၊ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွားမည်ဟူ၍လည်းကောင်း၊ မိန့်တော်မူသောစကားသည် အဘယ်သို့နည်း။-
တပည့်တော်တို့သည် မေးလျှောက်လိုသည်ကို ယေရှုသိမြင်တော်မူလျှင်၊ ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တစ်ဖန် ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်ဟု ငါပြောသောစကားကို သင်တို့သည် အချင်းချင်း ဆင်ခြင်ကြသလော။-