ငါ၏ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌အပ်ပေးတော်မူပြီ။ ခမည်းတော်မှတစ်ပါး အဘယ်သူမျှ သားတော်ကိုမသိ။ သားတော်နှင့် သားတော်သည် လင်းစေလိုသော သူမှတစ်ပါး အဘယ်သူမျှ ခမည်းတော်ကိုမသိ။-
ရှင်ယောဟန် 13:3 - မြန်မာ ခမည်းတော်သည် အလုံးစုံတို့ကို သူ၏လက်သို့ အပ်ပေးတော်မူသည်ကိုလည်းကောင်း၊ သူသည်ဘုရားသခင့်ထံတော်မှ ထွက်လာသည်ကိုလည်းကောင်း၊ ဘုရားသခင့်ထံတော်သို့ ကြွသွားမည်ကိုလည်းကောင်း ယေရှုသည်သိတော်မူသည်နှင့်၊- Common Language Bible သခင်ယေရှုသည်မိမိအားခမည်းတော်က အာဏာကုန်လွှဲအပ်ထားသည်ကိုလည်းကောင်း၊ မိမိသည်ဘုရားသခင်ထံတော်မှကြွလာ ၍ ဘုရားသခင်ထံတော်သို့ပြန်တော့မည်ကို လည်းကောင်းသိတော်မူ၏။- Garrad Bible ကိုယ့်လက်သို့ အရာခပ်သိမ်းကို ခမည်းတော်လွှဲအပ်ခဲ့သည်ကိုလည်းကောင်း၊ ဘုရားသခင်ထံမှထွက်လာ၍ ဘုရားသခင့်ထံပြန်သွားတော့မည်ကိုလည်းကောင်း သိတော်မူသော်လည်း၊ Judson Bible ခမည်းတော်သည် အလုံးစုံတို့ကို သူ၏လက်သို့ အပ်ပေးတော်မူသည်ကိုလည်းကောင်း၊ သူသည်ဘုရားသခင့်ထံတော်မှ ထွက်လာသည်ကိုလည်းကောင်း၊ ဘုရားသခင့်ထံတော်သို့ ကြွသွားမည်ကိုလည်းကောင်း ယေရှုသည်သိတော်မူသည်နှင့်၊- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် အရာခပ်သိမ်းတို့ကို မိမိလက်သို့ ခမည်းတော်ပေးအပ်တော်မူသည်ကိုလည်းကောင်း၊ မိမိသည် ဘုရားသခင်ထံမှကြွလာပြီး ဘုရားသခင်ထံသို့ပြန်သွားတော့မည်ကိုလည်းကောင်း သိတော်မူသဖြင့် ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် မိမိထံ၌ ခမည်းတော်က အခွင့်အာဏာအားလုံးကို အပ်နှံထားသည်ကိုလည်းကောင်း၊ မိမိသည် ဘုရားသခင်ထံမှ ကြွလာ၍ ဘုရားသခင်ထံသို့ ပြန်ကြွတော့မည်ကိုလည်းကောင်း သိတော်မူ၏။ |
ငါ၏ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌အပ်ပေးတော်မူပြီ။ ခမည်းတော်မှတစ်ပါး အဘယ်သူမျှ သားတော်ကိုမသိ။ သားတော်နှင့် သားတော်သည် လင်းစေလိုသော သူမှတစ်ပါး အဘယ်သူမျှ ခမည်းတော်ကိုမသိ။-
ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။-
ငါ့ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌အပ်တော်မူပြီ။ သားတော်ကား အဘယ်သူဖြစ်သည်ကို ခမည်းတော်မှတစ်ပါး အဘယ်သူမျှမသိ။ ခမည်းတော်ကား အဘယ်သူဖြစ်တော်မူသည်ကို၊ သားတော်နှင့် သားတော်သည် လင်းစေလိုသောသူမှတစ်ပါး အဘယ်သူမျှ မသိဟု မိန့်တော်မူ၏။-
ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
ပသခါပွဲမခံမီ၌ ယေရှုသည် ဤလောကမှခမည်းတော်ထံသို့ ပြောင်းရသောအချိန် ရောက်သည်ကို သိတော်မူသည်ဖြစ်၍၊ ဤလောက၌ရှိသောမိမိလူတို့ကို ချစ်တော်မူသောကြောင့် အဆုံးတိုင်အောင် ချစ်တော်မူ၏။-
ကိုယ်တော်သည် သားတော်လက်သို့ အပ်ပေးတော်မူသမျှသောသူတို့အား ထာဝရအသက်ကို ပေးစေခြင်းငှာ၊ လူမျိုးအပေါင်းတို့ကို အစိုးရသောအခွင့်တန်ခိုးကို သားတော်အား ပေးတော်မူသည်နှင့်အညီ၊ သားတော်သည် ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါမည်အကြောင်း သားတော်၏ဘုန်းကို ထင်ရှားစေတော်မူပါ။-
ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသော လူသားမှတစ်ပါး အဘယ်သူမျှ ကောင်းကင်ဘုံသို့ မတက်ပြီ။-
ခမည်းတော်သည် သားတော်ကို ချစ်တော်မူ၍၊ ခပ်သိမ်းသောအရာတို့ကို သားတော်လက်သို့ အပ်ပေးတော်မူပြီ။ -
ငါမူကားသိ၏။ အကြောင်းမူကား၊ ထိုသူ၏အထံတော်မှ ငါလာ၏။ သူသည်လည်း ငါ့ကိုစေလွှတ်တော်မူ၏ဟု ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ်တွင် ကြွေးကြော်၍ မိန့်တော်မူလျှင်၊-
ယေရှုကလည်း၊ ငါသည် သင်တို့နှင့်အတူ ခဏသာနေပြီးလျှင်၊ ငါ့ကိုစေလွှတ်တော်မူသော သူထံသို့ သွားရမည်။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။-
ယေရှုကလည်း၊ ငါသည် ကိုယ်အကြောင်းကို သက်သေခံသော်လည်း၊ ငါ့သက်သေတည်၏။ အကြောင်းမူကား၊ ငါသည် အဘယ်အရပ်က လာသည်ကိုလည်းကောင်း၊ အဘယ်အရပ်သို့ သွားသည်ကိုလည်းကောင်း ငါသိ၏။ သင်တို့မူကား မသိကြ။-
ယေရှုကလည်း၊ ဘုရားသခင်သည် သင်တို့အဘမှန်လျှင် သင်တို့သည် ငါ့ကိုချစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ဘုရားသခင့်အထံတော်မှ ထွက်ကြွရောက်လာ၏။ ကိုယ်အလိုအလျောက် လာသည်မဟုတ်။ ဘုရားသခင်သည် ငါ့ကိုစေလွှတ်တော်မူ၏။-