သင်တို့သည် ဤသူငယ် တစ်စုံတစ်ယောက်ကို မထီမဲ့မြင် မပြုမည်အကြောင်း သတိရှိကြလော့။ ငါဆိုသည်ကား၊ သူတို့၏ ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့အဘ၏မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြင်ကြ၏။-
ရှင်ယောဟန် 12:47 - မြန်မာ ငါ့စကားကိုကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသားတို့ကို အပြစ်စီရင်အံ့သောငှာ ငါလာသည်မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှာ ငါလာ၏။- Common Language Bible ငါဟောပြောသောစကားကိုကြား၍မခံမယူ သူကိုငါသည်တရားမစီရင်။ လောကသားတို့ ကိုတရားစီရင်ရန်ငါလာသည်မဟုတ်။ လောက သားတို့ကိုကယ်တင်ရန်ငါလာသတည်း။- Garrad Bible မည်သူမဆို ငါ့ဒေသနာကိုကြားနာ၍မစောင့်ရှောက်လျှင် ထိုသူ့ကိုငါမစီရင်။ ငါသည်ဤလောကကို စီရင်ဆုံးဖြတ်ရန်မဟုတ်။ ကယ်တင်ရန်ရောက်လာပြီ။ Judson Bible ငါ့စကားကိုကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသားတို့ကို အပြစ်စီရင်အံ့သောငှာ ငါလာသည်မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှာ ငါလာ၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်သည် ငါ့စကားတို့ကိုကြားလျက် မစောင့်ထိန်းလျှင်လည်း ငါသည် ထိုသူကိုပြစ်ဒဏ်မစီရင်။ အကြောင်းမူကား ဤလောကကို ပြစ်ဒဏ်စီရင်ရန် ငါလာသည်မဟုတ်။ ဤလောကကို ကယ်တင်ရန် ငါလာ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့စကားကို ကြား၍ မလိုက်နာသောသူကို ငါသည် အပြစ်မစီရင်။ အဘယ်ကြောင့်ဆိုသော် ငါသည် လောကီသားတို့ကို တရားစီရင်ရန် ကြွလာသည်မဟုတ်။ ကယ်တင်ရန် ကြွလာ၏။ |
သင်တို့သည် ဤသူငယ် တစ်စုံတစ်ယောက်ကို မထီမဲ့မြင် မပြုမည်အကြောင်း သတိရှိကြလော့။ ငါဆိုသည်ကား၊ သူတို့၏ ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့အဘ၏မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြင်ကြ၏။-
ထိုမှတစ်ပါး လူသားသည် ပျောက်သောသူတို့ကို ကယ်တင်အံ့သောငှာ ကြွလာသတည်း။
သူတစ်ပါးအစေကို ခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှာလည်းကောင်း၊ ကြွလာသည်ဖြစ်၍၊ ထိုနည်းတူ သင်တို့တွင် အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင်အထွတ်အမြတ် လုပ်ချင်သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏။
လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှာ ကြွလာသတည်းဟု ဇက္ခဲကို မိန့်တော်မူ၏။
ငါ့ကိုပယ်၍ ငါ့စကားကို နားမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသောစကားပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။-
လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ၊ ဘုရားသခင်သည်သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။-
ခမည်းတော်ရှေ့၌ ငါသည် သင်တို့ကိုအပြစ်တင်မည်ဟု မထင်ကြနှင့်။ သင်တို့ကို အပြစ်တင်သောသူ တစ်ပါးရှိသေး၏။ ထိုသူကား သင်တို့ကိုးစားသော မောရှေပေတည်း။-
သင်တို့အမှု၌ ငါပြောဆိုစီရင်စရာ များစွာရှိ၏။ သို့သော်လည်း ငါ့ကိုစေလွှတ်တော်မူသောသူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ သူ၏အထံတော်၌ ငါကြားသမျှကိုသာ ဤလောက၌ ငါဟောပြောသည်ဟု မိန့်တော်မူ၏။-