ထိုအခါ သူတို့ကိုထားခဲ့၍ မြို့ထဲမှထွက်ပြီးလျှင် ဗေသနိရွာသို့ကြွ၍ ထိုညကို လွန်စေတော်မူ၏။-
ရှင်ယောဟန် 12:1 - မြန်မာ ပသခါပွဲခံချိန် ခြောက်ရက်လိုသေးသောအခါ၊ အထက်ကသေလွန်၍ သေခြင်းမှ ထမြောက်စေတော်မူသော လာဇရုနေရာအရပ်၊ ဗေသနိရွာသို့ ယေရှုသည်ရောက်တော်မူ၏။- Common Language Bible ပသခါပွဲတော်ကျရောက်ရန်ခြောက်ရက်မျှ အလို၌ သေလွန်ပြီးမှပြန်၍အသက်ရှင် စေတော်မူခဲ့သူ လာဇရုနေထိုင်ရာဗေသနိ ရွာသို့သခင်ယေရှုကြွတော်မူ၏။- Garrad Bible ပသခါပွဲမတိုင်မီခြောက်ရက်က ယေရှုသည် သူသေတို့အထဲမှရှင်ပြန်ထမြောက်စေသူ လာဇရုနေရာ ဗေသနိရွာသို့ကြွရောက်တော်မူပြီးလျှင်၊ Judson Bible ပသခါပွဲခံချိန် ခြောက်ရက်လိုသေးသောအခါ၊ အထက်ကသေလွန်၍ သေခြင်းမှ ထမြောက်စေတော်မူသော လာဇရုနေရာအရပ်၊ ဗေသနိရွာသို့ ယေရှုသည်ရောက်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ပသခါပွဲတော်မတိုင်မီ ခြောက်ရက်အလိုတွင် ယေရှုသည် ဗေသနိရွာသို့ကြွတော်မူ၏။ ထိုရွာသည် သေသောသူတို့ထဲမှ ယေရှုထမြောက်စေခဲ့သော လာဇရုနေထိုင်ရာအရပ်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပသခါပွဲတော် မကျင်းပမီ ခြောက်ရက်အလိုတွင် ယေရှုသည် ဗေသနိရွာသို့ ကြွတော်မူ၏။ ထိုရွာမှာ ယေရှုကိုယ်တိုင် သေရာမှပြန်ရှင်စေတော်မူခဲ့သော လာဇရု နေထိုင်သည့်ရွာ ဖြစ်၏။ |
ထိုအခါ သူတို့ကိုထားခဲ့၍ မြို့ထဲမှထွက်ပြီးလျှင် ဗေသနိရွာသို့ကြွ၍ ထိုညကို လွန်စေတော်မူ၏။-
ယေရှုသည် ယေရုရှလင်မြို့သို့လည်းကောင်း၊ ဗိမာန်တော်သို့လည်းကောင်း ဝင်၍ အရာရာတို့ကို ကြည့်ရှုတော်မူပြီးလျှင် မိုးချုပ်သောကြောင့် တစ်ကျိပ်နှစ်ပါးသော သူတို့နှင့်တကွ ဗေသနိရွာသို့ ထွက်ကြွတော်မူ၏။
ထိုနောက် တပည့်တော်တို့ကို ယေရုရှလင်မြို့ပြင်၊ ဗေသနိရွာတိုင်အောင် ဆောင်သွားတော်မူပြီးမှ၊ လက်တော်ကိုချီ၍ ကောင်းကြီးပေးတော်မူ၏။-
ထိုသို့ စားပွဲ၌လျောင်းတော်မူသည်ကို ထိုမြို့၌ ဆိုးသောမိန်းမတစ်ယောက်သည် သိလျှင်၊ ဆီမွှေးကျောက်ဖြူ ခွက်တစ်လုံးကို ယူခဲ့၍၊-
ညီအစ်မ မာရိနှင့် မာသတို့နေသော ဗေသနိရွာသား၊ လာဇရုအမည်ရှိသော သူတစ်ယောက်သည် နာလျက်နေလေ၏။-
ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ ပုဆိုးနံငယ်နှင့်ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပုဝါနှင့် စည်းလျက်ထွက်လာ၏။ ယေရှုကလည်း၊ သူ့ကိုဖြည်၍ လွှတ်ကြလော့ဟု မိန့်တော်မူ၏။
ယုဒပသခါပွဲခံခါနီးတွင် လူများတို့သည် မိမိတို့ကိုသန့်ရှင်းစေခြင်းငှာ ပွဲမခံမီ အရပ်ရပ်တို့မှ ယေရုရှလင်မြို့သို့ လာကြ၏။-
နက်ဖြန်နေ့၌ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွလာတော်မူသည်ကို၊ ထိုပွဲသို့လာသော လူအစုအဝေး အပေါင်းတို့သည် ကြားရလျှင်၊-
ကိုးကွယ်ခြင်းအမှုနှင့် ထိုပွဲသို့ ရောက်လာသောသူတို့တွင် ဟေလသလူအချို့ပါ၏။-
ထိုအရပ်၌ ယေရှုရှိတော်မူသည်ကို ယုဒလူများအပေါင်းတို့သည် သိလျှင်၊ ကိုယ်တော်ကြောင့်သာ လာသည်မဟုတ်။ သေခြင်းမှထမြောက်စေတော်မူသော လာဇရုကိုမြင်ခြင်းငှာ လာကြ၏။-