ဈေး၌ ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း၊ အရှင်ဘုရား အရှင်ဘုရားဟု လူများခေါ်ဝေါ်ခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။-
ရှင်ယောဟန် 11:8 - မြန်မာ တပည့်တော်တို့က၊ အရှင်ဘုရား၊ ယုဒလူတို့သည် ယခုပင် ကိုယ်တော်ကိုခဲနှင့်ပစ်ခြင်းငှာ ရှာကြံလျက်ပင် ထိုအရပ်သို့ တစ်ဖန် ကြွတော်မူဦးမည်လောဟု လျှောက်ကြ၏။- Common Language Bible တပည့်တော်တို့က ``အရှင်ဘုရား၊ လူတို့သည် ကိုယ်တော်အားမကြာမီကပင်ခဲနှင့်ပေါက် ရန်ကြိုးစားကြပါ၏။ ထိုအရပ်သို့တစ်ဖန် ကြွတော်မူဦးမည်လော'' ဟုမေးလျှောက်ကြ၏။ Garrad Bible ထိုအခါ တပည့်တော်တို့က၊ ဆရာတော်၊ ယုဒလူမျိုးတို့သည်ယခုပင်ပစ်ခတ်ရန်ရှာကြံသည်ဖြစ်ပါလျက်၊ ကြွပြန်တော်မူဦးမည်လောဟုဆိုကြရာ၊ Judson Bible တပည့်တော်တို့က၊ အရှင်ဘုရား၊ ယုဒလူတို့သည် ယခုပင် ကိုယ်တော်ကိုခဲနှင့်ပစ်ခြင်းငှာ ရှာကြံလျက်ပင် ထိုအရပ်သို့ တစ်ဖန် ကြွတော်မူဦးမည်လောဟု လျှောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း တပည့်တော်တို့က “ရဗ္ဗိ၊ ဂျူးလူမျိုးတို့သည် မကြာသေးမီကပင် ကိုယ်တော်ကိုခဲနှင့်ပေါက်သတ်ရန် ရှာကြံနေကြပါလျက်နှင့် ထိုအရပ်သို့ နောက်တစ်ဖန်ကြွတော်မူမည်လော”ဟု လျှောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တပည့်တော်တို့က “ဆရာတော်… မကြာသေးမီကပင် ယုဒပြည်မှလူတို့သည် ဆရာတော်ကို ခဲနှင့်ပေါက်သတ်ရန် ကြိုးစားခဲ့ကြ၏။ သို့နှင့်ပင် ထိုအရပ်သို့ တစ်ဖန်ကြွတော်မူမည်လော” ဟု လျှောက်ကြ၏။ |
ဈေး၌ ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း၊ အရှင်ဘုရား အရှင်ဘုရားဟု လူများခေါ်ဝေါ်ခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။-
သင်တို့မူကား အရှင်ဘုရားဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ်ဆရာ တစ်ပါးတည်းရှိ၏။ သင်တို့အပေါင်းသည် ညီအစ်ကိုချင်း ဖြစ်ကြ၏။-
ထိုအခါ ယုဒလူတို့သည် ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှာ တစ်ဖန် ကျောက်ခဲတို့ကို ကောက်ယူကြ၏။-
ထိုအခါ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှာ တစ်ဖန် ရှာကြပြန်လျှင်၊ ထိုသူတို့၏လက်မှ ထွက်ကြွတော်မူ၏။-
မာသနှင့် မာရိတို့၏မောင်သေသောကြောင့်၊ သူတို့ကို နှစ်သိမ့်စေလိုသောငှာ ယုဒလူများတို့သည် လာကြ၏။-
မရောက်မီတွင် တပည့်တော်တို့က၊ အရှင်ဘုရား၊ အစာကိုသုံးဆောင်တော်မူပါဟု တောင်းပန်ကြလျှင်၊-
ထိုအခါ ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှာ ကျောက်ခဲတို့ကို ကောက်ယူကြ၏။ ယေရှုသည်တိမ်းရှောင်၍ ထိုသူတို့အလယ်၌ လျှောက်သွားပြီးလျှင် ဗိမာန်တော်မှ ထွက်ကြွတော်မူ၏။